မိမိ၏ လီဗာပူးလ်သို့ တစ်ကျော့ပြန် ရောက်ရှိပြီး အပြည့်အ၀ စီမံ ကိုင်တွယ်ခွင့် ရလာသော ဘောလုံး ရာသီမှာ အောင်မြင် ခဲ့သည်ဟု ယူဆနိုင်ကြောင်း ကင်နီဒဲလ်ဂလစ်ရှ်က ပြောကြားခဲ့သည်။
စကော့သား မန်နေဂျာကြီးသည် လီဗာပူးလ်အား ယခုနှစ် ဘောလုံး ရာသီတွင် အပြည့်အ၀ တာဝန်ယူ ကိုင်တွယ် ခဲ့ပြီးနောက် ကားလင်းဖလား ဆွတ်ခူးအောင် ဦးဆောင် နိုင်ခဲ့သည်။ ယင်းသည် (၆)နှစ်အတွင်း လီဗာပူးလ် အသင်း ပထမဆုံး ရရှိသည့် ဆုဖလားလည်း ဖြစ်လာသည်။ FA ဖလားတွင် လီဗာပူးလ်တို့ ဗိုလ်လုပွဲထိ တက်ရောက်ခဲ့သော်လည်း ချယ်လ်ဆီးကို အရေးနိမ့်ကာ ဒုတိယဖြင့် ကျေနပ် ခဲ့ရသည်။ လီဗာပူးလ်သည် ဖလား ပြိုင်ပွဲများတွင် အခြေအနေ ကောင်းခဲ့သော်လည်း အမှတ်ပေး ဇယား ရပ်တည်မှုတွင် ဆိုးဆိုးရွားရွား ထိုးကျ ခဲ့သည့်နောက် ဒဲလ်ဂလစ်ရှ်၏ စီမံမှု စွမ်းရည်အပေါ် ဝေဖန်မှုများ ရှိနေသည်။
ဒဲလ်ဂလစ်ရှ်ကမူ ဆယ်စုနှစ် (၂)ခုမျှ အကြာမျှ အသင်းသို့ တစ်ကျော့ပြန် ရောက်ရှိလာကာ ဦးဆောင်မှု ပေးခဲ့သည့် အနေအထားတွင် ကျေနပ်စရာ ဖြစ်ခဲ့ကြောင်း ဆိုသည်။ လီဗာပူးလ်သည် အမှတ်ပေးဇယား အဆင့်(၈)ဖြင့် ရာသီသိမ်းပြီး အိမ်ကွင်းနိုင်ပွဲ (၆)ပွဲသာ ရခဲ့ပါက နှစ်ပေါင်း (၅၀)ကျော်အတွင်း အဆိုးရွားဆုံး မှတ်တမ်း ဖြစ်လာနိုင်သည့်တိုင် ဒဲလ်ဂလစ်ရှ်က "ကျွန်တော်ကတော့ အခြေအနေတွေ ဆိုးခဲ့တယ်လို့ မထင်ဘူး။ (၆)နှစ်လောက် ဖလားလက်မဲ့ ဖြစ်နေတာကို ရပ်တန့် နိုင်ခဲ့တယ်။ ဥရောပ ၀င်ခွင့် ပြန်ရလာတယ်။ ဒါက သိပ်မဆိုးဘူး မဟုတ်လား။ ကျွန်တော့်ကို ထုတ်ပစ်မယ်လို့လည်း အသင်း ပိုင်ရှင်တွေက မပြောပါဘူး။ ကျွန်တော် လီဗာပူးလ်မှာ ဆက်ရှိပါမယ်။ အကောင်းဆုံး ဖြစ်အောင် ဆက်ကြိုးစား နေပါမယ်" ဟု ပြောကြားသွားသည်။
Ref: The Sun
ကျွန်တော်ကတော့ အခြေအနေတွေ ဆိုးခဲ့တယ်လို့ မထင်ဘူး။ (၆)နှစ်လောက် ဖလားလက်မဲ့ ဖြစ်နေတာကို ရပ်တန့် နိုင်ခဲ့တယ်။ ဥရောပ ၀င်ခွင့် ပြန်ရလာတယ်။ ဒါက သိပ်မဆိုးဘူး မဟုတ်လား...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com