- Healthcare
အမျိုးသမီး များတွင် ဆံပင် ကျွတ်ရ ခြင်းသည် အမျိုးသား များ ကဲ့သို့ပင် မျိုးရိုး လိုက် ရခြင်း ဖြစ်သည်။ မျိုးရိုး ဗီဇ ကိုပြောင်း လဲ၍ မရ သော်လည်း အခြား ဆံပင်ကျွတ် စေသော အကြောင်းရင်းများကိုမူ ပြုပြင် ပြောင်းလဲ၍ရသောကြောင့် သတိပြုမိရန် ဖော်ပြလိုက်ပါသည်။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှုများခြင်းသည် ခန္ဓာကိုယ် တွင် ဟော်မုန်းများကိုထွက်စေ၍ ၄င်းဟော်မုန်းများသည် ဆံပင်အိတ်များကို ကာကွယ်ပေးသည့် အန်ဇိုင်းများကိုအလုပ် မလုပ်နိုင်အောင် တားဆီးပစ်သည်။ ထို့ ကြောင့် စိတ်ဖိစီးမှုလျှော့ကျအောင် အကောင်းမြင်စိတ်မွေးပါ။ တရားထိုင်ပါ။ ယောဂကျင့်ပါ။
ငွေကြေးနှင့်အိပ်စက်ချိန်
ဆံပင်အလှအပဆိုင်ရာ ပြုပြင်ရန် ပိုက်ဆံများများရှိလေ၊ ဆံပင်ကိုပြုပြင် ပြောင်းလဲလေဖြစ်သောကြောင့် အရွယ် မတိုင်မီ ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းတို့ဖြစ် ကြသည်။ ထို့ကြောင့်ဆံပင်ကို မကြာခဏ ဆေးဆိုးခြင်း၊ ဖြောင့်ခြင်း၊ ကောက်ခြင်း၊ ပေါင်းတင်ခြင်း၊ အရောင်ချွတ်ခြင်း မပြ လုပ်ပါနှင့်။ အိပ်ရေးမဝလျှင်လည်း ဆံပင်ကျန်း မာရေး ချို့ယွင်းတတ်သောကြောင့် တစ်နေ့ လျှင် (၇း၃၀)နာရီခန့် တစ်ဆက်တည်း အိပ်သင့်သည်။
အိမ်ထောင်ရေးအစဉ်မပြေခြင်းနှင့် သွေးတိုး
၎င်းတို့သည် စိတ်ဖိစိးမှုနှင့် ကိုယ်တွင်းဟော်မုန်း မညီမျှမှုတို့နှင့်ဆက် စပ်နေသည်။ သွေးတိုးရောဂါသည်လည်း ဆံပင်ကို အာဟာရပေးနေသောသွေးကြော များကို ပျက်စီးစေသောကြောင့် သွေးတိုး ရှိလျှင် ဆေးဝါး၊ အာဟာရ၊ လေ့ကျင့်ခန်း တို့နှင့် အမြဲထိန်းပါ။
ဆေးလိပ်သောက်ခြင်း
အမျိုးသမီးများ ဆေးလိပ်သောက် လျှင် အမျိုးသားများထက် ဆံပင်ပိုကျွတ် နိုင်သည်။ ဆေးလိပ်တွင် ပါဝင်သော နီကို တင်းဓာတ်သည် ဆံပင်များနူးညံ့ပျော့ ပျောင်းစေ၍ ပိုးမွှားအြုရာယ်မှ ကာကွယ် ပေးသော သဘဝအဆီထုတ်လုပ်မှုကို လျှော့ကျစေသည်။ ထို့ကြောင့်ဆေးလိပ် သောက်ခြင်းကို တတ်နိုင်သမျှလျှော့ချပါ။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com