22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, December 2, 2011

တစ်ဆောင်းတစ်ည

ခရစ္စမတ်ချိန်ခါရောက်ခဲ့ပြီမို့ လူတိုင်း၏ရင်ထဲ၊နှလုံးထဲတွင် ဆောင်းရနံ့ငွေ့လေးတွေနှင့်အတူ တစ်ဆောင်းတစ်ညကို သတိရမိနေကြပြီပေါ့... တစ်ချိန်တစ်ခါဆီက ခရစ္စမတ်ညကို အတူတူဆင်နွဲ၊ပျော်ဖူးခဲ့ကြပေမဲ့ ခုချိန်ခါမှာ တစ်နယ်မြေတစ်ခြားစီ ခွဲခွါခဲ့ကြသော ငယ်ပေါင်းသူငယ် ချင်းများကိုလည်း သတိတရ အမှတ်ရနေကြရောပေါ့..... ဟုတ်ပါသည်... ပျော်ခဲ့ကြဖူးတဲ့ တစ်ဆောင်းတစ်ည ရောက်ခဲ့ပြန်ပြီလေ...

လောကကြီးကို အရောင်မျိုးစုံ ရောင်စုံမီးလုံးကလေးတွေနှင့် အလှဆင်လို့ ရင်သပ်ရှုမောဖွယ် လှပလျက်ရှိနေချိန်၊ ကောင်းကင်က ကြယ်လေး တွေမှိတ်တုတ်မှိတ်တုတ် လင်းလက်နေတယ်လေ.... အဘယ်လူသားအမှတ်မရဘဲ နေပါလိမ့်မည်နည်း......

ဒီချိန်ရောက်ရင် ခရစ္စမတ်ခေါင်းလောင်းသံ ကြားရစမြဲမဟုတ်၏လော... ယခုလည်းကြားနေရပြီလေ.... တစ်ချိန်တစ်ခါဆီက ခရစ္စမတ် ညမှာဘာတွေဖြစ်လို့ ဒီနှစ်ရဲ့ တစ်ဆောင်းတစ်ညမှာ ဘာတွေထူးခြားနေဦးမည်နည်း.....

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်က ကယ်တင်ရှင်မေရှိယ  မွေးဖွားစဉ်ခရစ္စမတ်ချိန်မှာကော ဘာတွေဖြစ်ပျက်ခဲ့သနည်း။
ကယ်တင်ရှင်ယေရှုမွေးဖွားခဲ့စဉ်က မာကုပညာရှိများနှင့်သိုးထိန်းများက ခရစ်တော်အား ဖူးမျှော်ရန် အဝေးကရောက်လာကြသည့်အချိန်
ဟေရုဒ်က ကယ်တင်ရှင်အား သတ်ပစ်ရန်ကြိုးစားခဲ့ဖူးသည့် အဖြစ်လေး သတိရကြမှာပါ....

ယနေ့တွင်လည်း ထိုအတိုင်းပင်ရှိနေသေးသည်။ခရစ္စမတ်အချိန်ခါသမယတွင် မာကုပညာရှိများနှင့်သိုးထိန်းများကဲ့သို့သော လူအနည်းငယ်ကသာ ခရစ်တော်ကို အမှန်ဖူးတွေ့ပူဇော်ပြီး လာလမ်းအတိုင်းမဟုတ် အခြားသောလမ်းဖြင့် ပြန်သွား သည့်နည်းတူ  ပြန်ခဲ့ကြသည်ကိုတွေ့ရသည်။ မြောက်များစွာသောသူများမှာမူ  အကြိမ်ပေါင်းများစွာ ခရစ္စမတ် ကိုဆင်နွှဲလာခဲ့သော်လည်း ထူးခြားမှု့မရှိ ခရစ်တော်ကို မပူဇော်ရဘဲ လာလမ်းပကတိအတိုင်းပြန်ကြရသည်ကို ၀မ်းနည်းစွာတွေ့ရသည်။

ခရစ္စမတ်ဆိုတာ တစ်နှစ်တစ်ခါပျော်ရသည့်ပွဲမဟုတ်သလို ခရစ္စမတ်ရောက်မှ ဘုရားကျောင်းသွားရန် မဟုတ်ချေ။ခရစ္စမတ်၏အနှစ်ကို မသိသူများက ခရစ္စမတ်သည် (Party) ပွဲလို့သာမြင်နေကြသည်။သိပ်ဝမ်းနည်းစရာကောင်းပါသည်။

ခရစ်တော်၏ မွေးနေ့လုပ်နေသည်လို့သာ နှုတ်ကပြောပြီး အသင်းတော်တွင် ပွဲကိုအကြီးအကျယ်ပြုလုပ်ကြ၊ဆင်နွှဲခဲ့ကြသည်။သိပ်ပျော် စရာကောင်းပါသည်။သို့သော် ခရစ္စမတ်ပွဲလည်းပြီးရော အသင်းတော်တွင် ပြဿနာများလှသည်။ခရစ္စမတ်အတွက်ကောက်ခံ သည့် ငွေကြေးပြဿနာ၊ဟိုအသင်းလူကြီးကအလုပ်မလုပ်၊ ငါဘဲ လုပ်နေရတယ်.... စသည့်ပြဿနာများ မဟုတ်လော။ အဘယ့်ကြာင့်နည်း ။မွေးနေ့ရှင်ဟာ ဘယ်သူလဲဆိုတာမသိကြခြင်းကြောင့်ပင်ဖြစ်သည်။ ထိုမွေးနေ့ရှင် မကိုတွေ့ ရခြင်း ကြောင့် ဟေရုဒ်က ယုဒတိုင်းပြည်တွင် နှစ်နှစ်အောက် ကလေးသူငယ်များ သတ်ပစ်ခဲ့ပြီ မဟုတ်လော။ထိုနည်းအတိုင်းပင် ခရစ်တော်ကိုမတွေ့၊မဖူးမြင်သူများက ပြဿနာလုပ်နေကြသည်။

ခရစ်တော်ကိုဖူးတွေ့ရသော မာကုပညာရှိများကမူ သူတို့၌ပါလာသော အဖိုးအတန်ဆုံးဖြစ်သော လောဗန်၊မုရန်၊ရွှေ၊ငွေများ ဖြင့်ပူဇော်  ကာကျေနပ်ဝမ်းမြောက်စွာ လာလမ်းအတိုင်းမပြန်ဘဲ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။ ထိုနည်းအတိုင်းပင် ခရစ်တော်ကိုအမှန် ဖူးမြင်နေရသောသူများကမူ အသင်းတော်တွင် မည်မျှအလုပ်လုပ်နေရ၊ပင်ပမ်းနေစေကာမူ၊အလှုငွေပေးနေရစေကာမူ ထိုပါဝင်နိုင်ခြင်း အခွင့်ကို ၀မ်းမြောက်ကျေနပ်နေကြသည်.. ပင်ပမ်း၍ ပင်ပမ်းရမှန်းမသိကြပါပေ....

မိတ်ဆွေ.... သင်ကော မည်သည့် အဖွဲ့တွင်ပါဝင်နေသနည်း။မိမိကိုယ်မိမိ စစ်ဆေးစေလိုပါသည်။

ခရစ်တော်၏မွေးနေ့ပွဲတော်ကြီးကိုလုပ်ပါလျက်နဲ့ မွေးနေ့ရှင်၏နာမည်အား မသိသေးသော သူများအတွက်..... ယနေ့မွေးနေ့ရှင်ဟာ ဘယ်သူလဲ။

(... နာမတော်မူကား၊အံသြဖွယ်၊တိုင်ပင်ဖက်၊တန်ခိုးကြီးသော ဘုရားသခင်၊ထာဝရအဘ၊ငြိမ်သက်ခြင်း၏အရှင်.... ဟေရှာ၊၉း၆)

မိတ်ဆွေ.... အရင်ခရစ္စမတ်ချိန်များဟာ သင့်အတွက် အဓိပ္ပါယ်မရှိ၊ကယ်တင်ရှင်ခရစ်တွေနှင့်မတွေ့ဖြစ်ဘဲ ရှိနေတယ်ဆိုရင် ဒီနှစ်ရဲ့ တစ်ဆောင်းတစ်ည မှာတော့ ကယ်တင်ရှင်ကိုဖူးတွေ့နိုင်ပါစေ.....အဓိပ္ပါယ်ရှိသော ခရစ္စမတ်ကိုဆင်နွှဲနိုင်ပါစေ....

မိတ်ဆွေအတွက် . . . အကြီးမားဆုံးသော ခရစ္စမတ်လက်ဆောင်ပေးပါရစေ...... (ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်း ဟူသောကယ်တင်သောအရှင်သည် သင် (တို့)အဖို့အလို့ငှါ ဖွားမြင်ခြင်းကို ခံတော်မူပြီ.... လုကာ ၂း၁၁)

အယောက်တိုင်း ဆောင်းနှင်းစက်နှင့်အတူ ခရစ္စမတ်မှာ ကြည်နူးပျော်ရွှင်နိုင်ကြပါစေသော......


နာမတော်၌...  Manar Chai
                     Immanuel Myanmar Church
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )