ယနေ့မြောက်များစွာက မသိကြဘဲ မိမိလုပ်ချင်ရာကိုလုပ်ပြီး ဘုရားနာမကိုတပ်၊အစပြုရန် ဘုရားကိုအကြီးအကျယ်ဆုတောင်းကြ၊ ဆုလည်းတောင်းပြီးရော လောကဆန်ဆန် ပြုလုပ်နေကြသည်။သူတို့လုပ်နေတာ လူစိတ်ပျော်ရင်၊လူကစိတ် ကျေနပ်ရင် ဘုရားကျေနပ်မယ်လို့ထင်ကြသည်။ ဘုရားသခင်ကျေနပ်နိုင်မည်လော....
ဟေရှာ၊၁း၁၁-၁၇ ထိုအမှု့အရာများကို ထာဝရဘုရားမနှစ်သက်ကြောင်း အတိအလင်းဖော်ပြထားပါသည်။လူတွေသဘောကျရင်၊နှစ်သက်ရင် ဘုရားသခင်အလိုတော်ရှိမှာဘဲလို့ထင်နေကြသည်။ မြောက်များစွာသော အသင်းတော်များတွင် ထိုသို့ပြုလုပ်နေကြပြီ။လူတွေများများ ဘုရားကျောင်းလာနိုင်အောင် ဘာပွဲလေးလုပ်ပေးရင်ကောင်းမလဲ၊ဘာလုပ်ရင်ဖြစ်မလဲ စသဖြင့်လူ့အကြိုက်သာလုပ်နေကြသည်။ မိတ်ဆွေ... ဘယ်လောက်ဝမ်းနည်းစရာ ကောင်းသနည်း။
... လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းကိုပို့သောလမ်းရှိတယ်...
နှုတ်ကပတ်တော်စီရင်သည့်အတိုင်း လက်တွေ့လိုက်လျှောက်သောသူ အလွန်ပင်နည်းပါးလာရပြီ... မိတ်ဆွေတွေ့နေရ၊မြင်နေရ သောအရာများသည် ကိုယ်တော်နှစ်သက်သောအမှု့ဖြစ်နေပါသလား။
ဘုရားနာမကိုတပ်ပြီး လုပ်ချင်ရာလုပ်တဲ့ယုံကြည်သူမဖြစ်စေချင်ဘူး။ဘုရားနှစ်သက်သော အမှု့သည်အဘယ်အရာဖြစ်သည်ကို သိလျက် ပျက်စီးနေသောခေတ်ကာလတွင် ဘုရား၏သစ္စာရှိသောငယ်သားကောင်း အဖြစ် အသက်ရှင်စေဖို့ရန် မေတ္တာနှင့်အသိပေး ဝေငှပါတယ်။
အယောက်တိုင်းကို ဘုရားရှင်ကောင်းကြီးပေးပါစေသော.....
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com