22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, December 3, 2011

ကျန်းမာရေးနှင့် မကိုက်ညီသောအကျင့်များ


ကျန်းမာရေးနှင့် မကိုက်ညီသောအကျင့်များ
နံနက်အိပ်ရာမှ ထသည်မှ မိုးချုပ် သည်အထိ ကျန်းမာ၍ အလုပ်လုပ်နိုင်သူ တိုင်း စားဝတ် နေရေး အတွက် ရုန်းကန် နေ ကြရသည်။ အချို့က နေထိုင် မကောင်း၍ ဆေးခန်းသွား၊ ဆေးဝါးမှီဝဲနေကြရသည်။ ကံမကောင်းအကြောင်းမလှ၍ မျိုးရိုးဗီဇ အရလည်းကောင်း၊ မမျှော်လင့်ဘဲ ထိခိုက် ဒဏ်ရာရရှိ၍လည်းကောင်း၊ ရောဂါပိုးမွှား ဝင်ရောက်၍ ၄င်းခန္ဓာကိုယ် ကျန်းမာရေး ကို ငွေနှင့်ဝယ်၍ စောင့်ရှောက်ကုသနေ ကြရသည်။ အချို့က အပျော်အပါးလိုက် စား၍ အချိန်ဖြုန်းနေကြသည်။
ငွေနှင့် ဝယ်၍ ခန္ဓာကိုယ်ကို ဖြုန်းတီးနေကြခြင်း ဖြစ်သည်။ လာခဲ့စမ်းပါ၊ အန္တရာယ်ပေါင်းစုံ မှ ကြိုဆိုနေသည်ဟူသော စက်ကွင်းထဲ သို့ ရောက်သွားစေနိုင်သည်။ ၄င်း အချက် များ အနက် သင်သည် မည်သည့်အုပ်စုတွင် ပါဝင်နေသလဲ။ စဉ်း စားမိရဲ့လား။ ဆင်းရဲသည်မှာ အရေးမကြီး သေး၊ ကျန်းမာဖို့သာ လိုအပ်သည်။ ကျန်းမာခြင်းသည် ချမ်းသာခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးကို လိုက်စားကြ သည်။ တစ်ဦး နှင့်တစ်ဦးတွေ့ဆုံလျှင် နေ ကောင်းရဲ့လားဟု နှုတ်ဆက်ကြသည်။
တချို့သူများမှာ ကျန်းမာရေးနှင့် မကိုက်ညီသော အပြုအမူများကို စွဲလမ်း စွာ ပြုလုပ် နေကြ သည်။
(၁) ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးဝါးသုံးစွဲခြင်း
(၂) လောင်းကစား၊ အပျော်အပါး လိုက်စားခြင်း
(၃) အဆီများသောအစားအစာ၊ စည်သွပ်ဘူး၊ မီးမြိုက်ကင်၍ရောင်းချသော အစားအစာများ၊ လွန်ကျူးစွာစားသောက် ခြင်း၊ သဘာဝမဟုတ်သော အသီးအရွက် အတုအပများကို စားသုံးခြင်း
(၄) ဆေးဝါးများကို ထင်သလို လွဲမှားစွာသုံးစွဲခြင်း
(၅) မိမိအလုပ်ပေါ်တွင်သာ အာရုံ စူးစိုက်နစ်မြှုပ်နေပြီး စိတ်ဖိစီးမှုများပြားနေ ခြင်း
(၆) အကြောင်းအမျိုးမျိုးပြပြီး ကိုယ် လက်လှုပ်ရှားမှုမပြုလုပ်ခြင်း
(၇) လူမှုဆက်ဆံရေးနည်းပါးခြင်း၊ တစ်ဦးတည်း အထီးကျန်နေတတ်ခြင်း
(၈) မှန်ကန်သော အသွားအလာ ယာဉ်စီးနင်းမှု မဆင်မခြင်ပြုမူခြင်း
(၉) တစ်ကိုယ်ရေသန့်ရှင်းမှုနည်း ပါးခြင်း၊ အချိန်မှန်စွာ စားသုံးအိပ်စက်ခြင်း ကို ဂရုမစိုက်ခြင်း
(၁၀) တရားမဝင်သော ဝင်ငွေရရှိ ရေးကို လုပ်ဆောင်၍ စိုးရိမ်သောကများ ခြင်း၊ လူကြားသူကြားထဲသို့ မတိုးရဲတော့ ခြင်း အထက်ပါအချက်အလက်များမှ အချက်အလက်တစ်ဝက်ကျော်သည် သင် ၏ အပြုအမူများနှင့် တိုက်ဆိုင်နေပါက သင်သည် စိတ်၊ ကိုယ်ကျန်းမာရေး ချို့တဲ့ မှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဖော်ပြထားသည်။ သို့ ဖြစ်၍ ကျန်းမာခြင်းဖြင့် ချမ်းသာခြင်း အကျိုးကို ရွေးမည်လား၊ မကျန်းမာ၍ ဆင်းရဲသောအပြစ်ကို ရွေးမည်လား။ သင် ၏ မှန်ကန်သော ဆုံးဖြတ်ချက်အပြုအမူ ပေါ်တွင် မူတည်နေပါသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )