ဆံပင်က ရှည်တာနှေးတယ် ကျွတ်လည်း အရမ်းကျွတ်တယ်ဆိုရင်တော့ ဆံပင်တွေဟာ လုံလောက်တဲ့ အာဟာရမရလို့ပဲပေါ့။ လူတွေတောင် အဟာရပြည့်ပြည့်၀၀ မစားသောက်ရရင် ပိန်လှီသေးကွေးနေတတ်သေးတာလေ။ ဒီလောက်ဆိုရင် အရိပ်ပြအကောင်မြင်တတ်တဲ့ ရင်နှင်းသူငယ်ချင်းတွေ ရင်နှင်းဘာပြောမလဲသိနေလောက်ပြီ။ ဆံပင်တွေလည်း လိုအပ်တဲ့ အာဟာရတွေရှိမှ ကောင်းကောင်းရှင်သန်နိုင်မှာပေါ့။ ဒါကြောင့် အာဟာရပြည့်ဝအောင် စားသောက်ဖို့ လိုပါတယ်။ အထူးသဖြင့် ဆံပင်သန်စွမ်းဖို့ အဓိကလိုအပ်တဲ့ အာဟာရလေးတွေကိုပေါ့။
Foods For Hair
a . ဆံပင်ကို ပရိုတိန်းလို့ ခေါ်တဲ့အသားဓာတ်တွေနဲ့ ဖွဲ့စည်းထားတာလေ။ အဲဒီတော့ ဆံပင်သန်ချင်ရင် အသားဓာတ်များများ စားဖို့လိုတာပေါ့။ အသား၊ ငါး ၊ ပဲအမျိုးမျိုး၊ ဥ၊ နို့ထွက်ပစ္စည်း၊ ပဲပင်ပေါက်တို့မှာ အသားဓာတ်များများပါတော့ များများစားပေးနော်။
b . အိုင်အိုဒင်းဓာတ်က ဆံပင်သန်စေတယ်လေ။ အိုင်အိုဒင်းဆားသုံးပေါ့။ ပင်လယ်စာတွေမှာလည်း အိုင်အိုဒင်းဓာတ် ပါပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိပြုအုံးနော်။
c . သံဓာတ်ကလည်း ဆံပင်သန်စွမ်းဖို့အတွက် အရေးပါတဲ့ ဓာတ်လေးပေါ့။ အဲဒီတော့ သံဓာတ်များများပါတဲ့
အသား၊ အသည်း၊ ဟင်းနုနွယ်၊ ဘူးညွှန့်တွေကို များများစားပါ။
d . ဗီတာမင်စီက ခန္ဓာကိုယ်သံဓာတ် စုပ်ယူမှုကို အားကောင်းစေသလို ဆံပင်ကိုလည်း ကျန်းမာသန်စွမ်းစေလို့ နေ့စဉ်စားတဲ့အစားအစာတွေထဲမှာ ဗီတာမင်စီဓာတ် လုံလုံလောက်လောက်ပါဖို့ လိုတယ်နော်။
e . ဖောလစ်အက်စစ်တွေပါတဲ့ အစားအစာတွေ များများစားပေးရင်လည်း ဆံပင်တွေ ကျန်းမာသန်စွမ်းစေ
ပါတယ်။
f . Biotin လို့ခေါ်တဲ့ ဗီတာမင် B3 နဲ့ ဗီတာမင်ဘီအုပ်စုတွေနဲ့ ဗီတာမင်အီး၊ ဗီတာမင်အေ ကလည်း ဆံပင်အတွက် အရမ်းအရေးပါတယ်နော်။ ဦးရေပြားကို သွေးများများသွားစေတော့ လိုအပ်တဲ့ အဟာရဓာတ်တွေများများရပြီး ဆံပင်တွေလည်း သန်တာပေါ့။
ဘယ်ဗီတာမင်ကို ဘယ်အစားအစာကနေ ရနိုင်တယ်ဆိုတာကို သဘာဝရဲ့အာဟာရမှာ ဖတ်ကြည့်နော်။
Avoid Certain Foods
ဆံပင်မကျွတ်အောင် ဆံပင်သန်အောင် ဘာတွေစားရမလဲဆိုတာ သိပြီးပြီဆိုတော့ ရှောင်ရမယ့် အစားအစာတွေကိုလည်း ပြောပြမယ်နော်။
a . ဆေးလိပ်၊ အရက်၊ ကော်ဖီနဲ့ အချိုတွေကို အများကြီးစားသောက်ရင် ဆံပင်ကျွတ်တတ်သတဲ့။ ရင်နှင်းကတော့ ယောင်္ကျားတွေ ထိပ်ပြောင်ရတဲ့အကြောင်းရင်းကို နည်းနည်းသဘောပေါက်သလိုလိုတော့ ရှိလာပြီ။ :D
b . ကိုလက်စရောများတဲ့ အစားအစာတွေ၊ ဆီကြော်တွေ၊ တိရစ္ဆာန်ဆီတွေကို များများစားရင်လည်း ဆံပင်ကျွတ်နိုင်တယ်နော်။
c. ဆားကို အများကြီးစားတာကလည်း ဆံပင်ကျွတ်စေတယ်လေ။ ဒါကြောင့် ဆားကိုလည်း တော်ရုံပဲစားပါ။ သွေးတိုးမှာလည်း မပူရတော့ဘူးပေါ့။ :D
ဆံပင်တွေ ကျွတ်တာသက်သာပြီး ဆံပင်တွေသန်ဖို့အတွက် အစားအသောက်ကို ဂရုစိုက်ရမယ်။ ပြီးတော့ ဆံပင်လေးတွေကို ဂရုစိုက်ဖို့လည်း လိုပါသေးတယ်။ အဲဒီတော့ ဆံပင်မကျွတ် ဆံပင်သန်စွမ်းစေမယ့် နည်းဗျူဟာများကိုလည်း ဖတ်ကြည့်ပါအုံးနော်..။
source myanmar sky links



7:41 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com