သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ အကောင်းဆုံးပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖ၇ီး၇ယ်ဒီကယ်တွေကို ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
သံပရာ၇ည်ဟာ ပိုးဝင်ကူးစက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။ ပိုးသတ်ပေးနိုင်တဲ့ အာနိသင်၇ှိတာကြောင့် အနာကျက်မြန်စေပါတယ်။ လည်ချောင်းနာတာ ၊ အာသီးေ၇ာင်တာတွေကို သက်သာစေပါတယ်။
သံပရာ၇ည်ဟာ အစာခြေစနစ်ကို ကျန်းမာေ၇းကောင်းစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးကာ ၀မ်းချုပ်တာ ၊ အစာမကြေတာ ၊ပျို့ချင် အန်ချင်ဖြစ်တာ ၊ ၇င်ပူတာစတဲ့ အစာခြေစနစ် ပြဿနာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သံပရာရည်ဟာ ခန္ဓာကိုယ်တွင်းစနစ်တွေကို သန့်စင်ပေးပြီး အဆိပ်တွေကို ပြေစေပါတယ်။
သံပရာရည်ဟာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်နေသူတွေအတွက် အကျိုးကျေးဇူးရှိပါတယ်။
သံပရာရည်ကို နေ့စဉ်သောက်ပေး၇င် အ၀လွန်တာနဲ့ ဗိုက်အဆီကို လျော့စေပါတယ်။
သံပရာရည်ဟာ အသားအရေနဲ့ ဆံပင်သားကျန်းမာရေးအတွက် အရေးပါတဲ့ အိမ်သုံးဆေးပါ။ သံပရာရည် ကို ပုံမှန်သောက်တာက အရေပြားကို ကြည်လင်အောင်ပြုပြင်ပေးပြီး အသားအရေကို ၀င်းပသန့်စင်စေပါတယ်။ သံပရာရည်ကို မျက်နှာပေါ်မှာ လိမ်းပေးရင် နေလောင်ဒဏ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သံပရာရည်ကို ခေါင်းမလျှော်ခင် ဆံပင်ပေါ်လိမ်းပေးပြီး ရေနဲ့ ဆေးချပေးရင် သန့်စင်တောက်ပစေပါတယ်။
ဆောင်းရာသီမှာ နူတ်ခမ်းကွဲနေပါစေ နူတ်ခမ်းသားပေါ် သံပရာရည်နဲ့ ဂလစ်ဆရင် အလှဆီကို ရောမွှေပြီး
လိမ်းပေး၇င် အနာကျက်စေနိုင်ပါတယ်။
Sunday, January 15, 2012
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer,
can be use this zawgyi converter
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com