အာဒံသည် သူ့ အသက်တာတွင် ချို့တဲ့ခြင်းကို လုံးဝ မသိကျွမ်း ခဲ့ပါ။ ဘုရား သခင်သည် ကောင်းမြတ်၍ ချစ်တတ်သော ဘုရား သခင် ဖြစ်ပြီး အာဒံသည် သူ၏ သဘော သဘာဝနှင့် ဂုဏ်အဂါင်္ရပ်ကို ရင်းနှီး ပေသည်။ ထို့ကြောင့် ဘုရား သခင်သည် အာဒံ အတွက် နေရာ တစ်ခု ပြင်ဆင် ပေးသော အခါ သူ၏ သဘော သဘာဝနှင့် ကိုက်ညီသော အရာကို ပြင်ဆင် ပေးခဲ့သည်။ ကိုယ်တော် ဘာလုပ် သနည်း။ ဥယျာဉ် တစ်ခုကို ဖန်ဆင်းပြီး ဧဒင်ဟု အမည် ပေးခဲ့သည်။ ဧဒင် ဆိုသည်မှာ ဟေဗြဲ ဘာသာဖြင့် “ချမ်းသာခြင်း၊ ကြွယ်ဝခြင်းနှင့် နှစ်သက် အားရခြင်း” ဟု အဓိပ္ပါယ် ရသည်။ ဘုရား သခင်သည် လူအား ထိုသို့သော နေရာ မျိုးတွင် နေထိုင် စေလိုသည်။ မကျဆင်းခင် ထို နေရာတွင် သူ နေထိုင်ခဲ့သည်။
ကမ္ဘာ ၂း၉ “ထိုမြေ ထဲက အဆင်း လှ၍ စားဘွယ် ကောင်းသော အပင် အမျိုးမျိုးကို ထာဝရ အရှင် ဘုရား သခင် ပေါက်စေ တော်မူ၏။ ထိုဥယျာဉ် အလယ်၌ အသက်ပင် လည်းရှိ၏။ ကောင်း မကောင်းကို သိကျွမ်းရာ အပင်လည်း ရှိ၏။”ဘုရား သခင်သည် အရသာ ရှိသော အသီး များကို သီးစေသည့် လှပသော အပင် များကို ပေါက်စေ သည်။ သင်သည် လှပသော အရာများ ကြောင့် ဆွဲဆောင် ခံရ၍ အရသာ ကောင်းသော အရာများကို နှစ်သက် သည်မှာ ဘာကြောင့် နည်းဟု စဉ်းစား မိပါသလား။ အဘယ်ကြောင့် ဆိုသော် ထိုအရာ များကို သင် ခံစား စေရန် ဖန်ဆင်း ထားသောကြောင့် ဖြစ်သည်။
အာဒံတွင် ထိုအရာ အားလုံးရှိသည်။ ကျဆင်းခြင်း မတိုင်မီ တွင် ဘုရား သခင်သည် သူ့ အသက်တာ၏ ဗဟိုနှင့် အရာ ခပ်သိမ်းတွင် ကျေနပ် ရောင့်ရဲမှုကို ပေးသော အရင်း အမြစ်ကြီး ဖြစ်သည်။ ထို့နောက် ကျဆင်း ပြီးသော အခါ လူသည် ဘုရား သခင်၏ ဘုန်းသရေမှ ကျဆင်း သွားခဲ့သည်။ (ရောမ ၃း၂၃)
အာဒံ အပြစ် လုပ်သော အခါ သူ့ အသက်တာ ထဲတွင် ကြောက်ရွံ့ခြင်း ဝင်ရောက် လာသည်။ မြွေသည် ဧဝထံတွင် နှုတ်ကပတ် တော်နှင့် စပ်လျဉ်း၍ သံသယ စိတ်ကို မျိုးစေ့ ကြဲခဲ့သည်။ (ကမ္ဘာ ၃း၁) နှုတ်ကပတ်တော် အပေါ် သံသယ ဝင်သော အခါ အာဒံနှင့် ဧဝတို့ ထိုအတိုင်း လုပ်ဆောင် ကြပြီး အပြစ် ကျူးလွန် ကြတော့သည်။ ရလဒ် အနေဖြင့် ဘုရား သခင်၏ ဘုန်းတော် သူတို့ထံမှ ထွက်ခွာ သွားပြီး အာဒံသည် မိမိ၌ အဝတ် ချည်းစည်း ရှိသည်ကို သဘော ပေါက်လာသည်။ သူ့ ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် လိုအပ်ချက် ရှိကြောင်း သိလာခဲ့သည်။ ရုတ်တရက် လိုအပ်ချက် တစ်ခုပေါ်လာပြီး ဘုရား သခင်၏ ဘုန်းတော်နှင့် ကြွယ်ဝ ခြင်းမှ လိုအပ်ချက် ပြည့်ဝ စေရန် မခံယူ နိုင်တော့ချေ။
ယုံကြည်ခြင်းသည် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ခြင်း၊ ကိုယ်တော်နှင့် အတူ သွားလာခြင်း ဖြစ်သည်။ ဘုရား သခင်နှင့် မိတ်သဟာယ ဖွဲ့လေလေ၊ ကိုယ်တော်ကို သိကျွမ်း လေလေဖြစ်သည်။ ကိုယ်တော်ကို သိကျွမ်း လေလေ တန်ဖိုးထား လာလေလေ ဖြစ်သည်။ ကိုယ်တော်ကို တန်ဖိုးထား လာလေလေ၊ ကိုယ်တော့်ကို ကိုးစား လေလေ ဖြစ်သည်။ ကိုယ်တော့်ကို ကိုးစားလေလေ ကိုယ်တော် ကတိ တည်ကြောင်းနှင့် ပြောသည့် အတိုင်း လုပ်ဆောင် ကြောင်းကို သိလေလေ ဖြစ်သည်။ ယုံကြည်ခြင်း ဆိုသည်မှာ ထိုအရာပင် ဖြစ်သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com