22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Tuesday, January 3, 2012
ခေတ်ကာလနှင့် ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ် သမ္မာတရား (သို့) အကြံအစည်တော်နှင့် ရည်ရွယ်ချက် - အခန်း (၁)
အခန်း (၁)
ပရောဖက်ပြုချက်များ (THE PROPHETIC WORD)            
          သမ္မာကျမ်းစာသည်ဘုရားသခင်၏အမိန့်မှာချက်စကားများဖြစ်သည်။ ဤလောကနှင့်ပတ်သက်သောအ ယူအဆများ၊ လောကနီတိကျင့်ဝတ်တရား၊ သမိုင်းရာဇ၀င်နှင့် သိပ္ပံပညာကျမ်းမဟုတ်ပါ။ သမ္မာကျမ်းသည် ဘုရားသခင်၏အလိုတော်ကိုဖေါ်ပြချက်များ၊ လူ၏ကျဆင်းခြင်း၊ လူကိုကယ်တင်ခြင်းအမှုနှင့် ခေတ်ကာလ၌ ဘုရားသခင်၏အကြံအစည်တော်နှင့်ရည်ရွယ်ချက်များဖြစ်သည်။
သမ္မာကျမ်းစာ၌
၁။       ပုဂ္ဂိုလ်လေးပါး။ (Four Persons) ခမည်းတော်ဘုရား၊ သားတော်ယေရှုခရစ်တော်ဘုရား၊ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားနှင့် စာတန်မာရ်နတ်။
၂။       နေရာသုံးနေရာ။ (Three Places) ကောင်းကင်၊ ကမ္ဘာလောကနှင့် မရဏာ။
၃။       လူတန်းစားသုံးမျိုး။ (Three Classes of People) ယုဒလူမျိုး၊ တပါးအမျိုးသားနှင့် ဘုရားသခင်၏ အသင်းတော်။
          သမ္မာကျမ်းစာ၌သမ္မာဟောင်း (၃၉)ကျမ်းနှင့် သမ္မာသစ် (၂၇)ကျမ်းပါဝင်ရာဘုရားသခင်သည်ရှေးသန့်
ရှင်းသောဝိညာဉ်တော်အားဖြင့်နှိုးဆော်ပေးကာပြညွှန်၍နှစ်ပေါင်း(၁၆၀၀)အတွင်း၌ရေးသားခိုင်းလေသည်။ ဘီစီ
(၁၄၉၂) မှ အေဒီ (၁၀၀) တိုင်အောင်ဝိညာဉ်တော်ဘုရားကရေးသားခိုင်းလေသည်။ သမ္မာကျမ်းရေးသူအ
ယောက်ပေါင်း(၄၀)ခန့်ပါဝင်ရေးသားသည်။ ၎င်းတို့မှာရှင်ဘုရင်များဖြစ်သည့်ဒါဝိဒ်နှင့်ရှောလမုန်မင်းကြီး၊ နိုင်ငံ
ဝန်ကြီးများဖြစ်သည့်ဒံယေလနှင့်နေဟမိ၊ ယဇ်ပုရောဟိတ်ဖြစ်သည့်ဧဇရ၊ အီဂျစ်နိုင်ငံပညာရှင်ဖြစ်သောမောရှေ
နှင့်ယုဒရိုးရာထုံးတမ်းကျင့်ဝတ်တို့၌ကျင်လည်တတ်မြောက်သည့်ပေါလု၊ တိရိစ္ဆာန်ထိန်းကျောင်းသူအာမုတ်၊ အ
ခွန်ခံမဿဲ၊ တံငါသည်များဖြစ်သည့် ပညာမဲ့သူပေတရု၊ ယာကုပ်နှင့်ယောဟန်၊ဆေးပညာရှင်သမားတော်လုကာ၊
ပရောဖက်များဖြစ်သည့်ဟေရှာယ၊ ယေဇကျေလနှင့်ဇာခရိစသည့်လူအဆင့်အတန်းပေါင်းစုံတို့ကရေးသားထား
လေသည်။
          သမ္မာကျမ်းသည်အရှေ့အလယ်ပိုင်းဒေသ၌ရေးသားခဲ့သော်လည်းအာရှဒေသနှင့်စပ်ဆိုင်သောကျမ်း
မဟုတ်ပေ။ ရေးသားထားသောဒေသများမှာသိနတောင်အရက်တော၌၎င်း၊အရေးဗီးယားသဲကန္တာရ၌၎င်း၊
ပါလက်စတိုင်းမြို့၊ ရွာတောင်ပေါ်၌၎င်း၊ ဗိမာန်တော်၎င်း၊ ဒေလဒေသနှင့်ယေရှခေါမြို့ပရောဖက်နေအိမ်၌၎င်း၊
ပါးရှားပြည်ရှင်ဘုရင်နန်းတော်၌၎င်း၊ဗာဗုလုန်မြစ်ကမ်းပါး၌၎င်း၊ ရောမမြို့အကျဉ်းထောင်၌၎င်း၊ပတ်မုတ်ရေလည်
ကျွန်း၌၎င်း၊ ဒေသပေါင်းစုံဤရေးသားခဲ့လေသည်။ သမ္မာကျမ်းကိုဆေးကျမ်းတစ်စောင်နှင့်နှိုင်းယှဉ်ကြည့်ပါစို့။
ဆေးစာစောင်(၆၆)စောင်ကိုဆေးသမားတော်(၄၀)ယောက်ခန့်ကဒေသပေါင်းစုံမှအနှစ်(၁၆၀၀)ခန့်ကွာခြား၍ရေး
သားခဲ့သော်၎င်းကျမ်းသည်အယူအဆ၊ ကုထုံးကုနည်းနှင့်အတွေးအခေါ်များစွာခြားနား၍သမ္မာကျမ်းစာကဲ့သို့ယ
ခုတိုင်တွင်တွင်ကျယ်ကျယ်အောင်မြင်မှုရှိမည်မဟုတ်ပါ။
          သမ္မာကျမ်းသည်အမျိုးမျိုးကွဲပြားခြားနား၍ရောပြွန်းရှုပ်ထွေးနေသည့်ရှေးရာဇ၀င်အတ္ထုပတ္တိသမိုင်း၊
ဒဏ္ဍာရီ၊ ပုံပြင်ဝတ္ထုနှင့်ဘာသာရေးဆိုင်ရာတွေးတောဆင်ခြင်တုံတရားနှင့်စိတ်ဥပါဒါန်အစွဲအလန်းဖြင့်ဖွဲ့နွဲ့ရေး
ထားသည့်ကျမ်းမဟုတ်ပါ။ သမ္မာကျမ်းတွင်ဖွင့်ဟချက်အဆင့်ဆင့်နှင်ယုံကြည်ချက်ပါရှိသည်။ ရှေးခေတ်ဘိုးဘေး
များထက်တရားသူကြီးများကပို၍၎င်း၊ ပရောဖက်များသည်တရားသူကြီးထက်ပို၍၎င်း၊ တမန်တော်များသည်
ပရောဖက်ထက်ပို၍၎င်းသိမြင်သည်။သမ္မာဟောင်းကျမ်းနှင့်သမ္မာသစ်ကျမ်းသည်ခွဲခြားထားသော်လည်းအ
ကြောင်းအရာဆက်နွယ်မှုများစွာရှိသည်။ သမ္မာသစ်ကျမ်းသည်သမ္မာဟောင်းကျမ်းထဲ၌တည်ရှိပြီးသမ္မာဟောင်း
မှအကြောင်းအရာကိုသမ္မသစ်၌ဖေါ်ပြသည်။ဟေဗြဲသြ၀ါဒစာမဖတ်လျှင်ဝတ်ပြုရာကျမ်းကိုနားမလည်နိုင်။
ဗျာဒိတ်ကျမ်းကိုမလေ့လာလျှင်ဒံယေလအနာဂတ္တိကျမ်း၌အရာများကိုနာမလည်နိုင်။ ခရစ်ဝင်လေးကျမ်းကိုမလေ့
လာလျှင်ဟေရှာယအနာဂတ်တိကျမ်းအခန်း(၅၃)ကိုနားမလည်နိုင်။ထို့အပြင်ပသခါပွဲနေ့ကိုလည်းနားမလည်နိုင်။
          သမ္မာကျမ်းစာသည်ဘုရားသခင်၏ဖွင့်ဟချက်များဖြစ်၍လူနားမလည်နိုင်သောစာများဖြင့်ရေးသားထား
သောစာမဟုတ်ပါ။ ဘာသာပေါင်းများစွာဖြင့်ပြန်ဆိုပြီးသော်လည်းအကြောင်းအရာများသည်လွှဲမှားသွားခြင်းလုံး
ဝမရှိသည်မှာလူတို့ကြံစည်၍မမှီနိုင်သောဝိညာဉ်တော်တန်ခိုးအားဖြင့်ဖြစ်သည်။
          သမ္မာကျမ်းစာအနက်ပြန်ဆိုရာ၌အခြေခံသုံးမျိုးရှိသည်။ ယင်းမှာဥပမာတင်စား၍ဖေါ်ပြခြင်း၊ပုံဆောင်
ချက် အသုံးပြု၍ဖေါ်ပြခြင်းနှင့်မူရင်းစာသားအတိုင်းပြန်ဆိုခြင်းတို့ဖြစ်သည်။ “ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်၊
လူသေသည်မိမိလူသေတို့ကိုသင်္ဂြီုလ်ပါလေစေ”စသည့်တို့သည်ဥပမာများဖြစ်၍ယင်း၏ပုဒ်နက်တစ်ခုလုံးဖတ်ရှု
သော်သိမြင်နိုင်သည်။
          “နေဗုခဒ်နေဇာမင်းကြီး၏ရွှေရုပ်တုကြီး” “ဒံယေလ၏စတုတ္ထမြောက်သောသားရဲ့” နှင့် “မီးခွက်(၇)
လုံးအလယ်၌လူသားတော်နှင့်တူသောလူ”စသည်တို့သည်ပုံဆောင်ချက်ဖြစ်၍ရှေ့၍အဓိပ္ပါယ်ဖေါ်ပြထားသည်။
မူရင်းအတိုင်းပြန်ဆိုခြင်းသည်ဟုတ်မှန်သည့်အတိုင်းဝိညာဉ်ရေးရာ၌လက်ခံရမည်ဖြစ်သည်။ ကျမ်းစာကိုဆိုလို
ရင်းအတိုင်းလက်ခံ၍ချဲ့ထွင်ကာအနက်ပြန်ဆိုခြင်းမပြုလုပ်ရပါ။ သမ္မာကျမ်းစာပြန်ဆိုမှုမှားယွင်းခြင်းကြောင့်သင်း
ကွဲဂိုဏ်းကွဲခြင်းများကိုဖြစ်ပေါ်စေသည်။ ဘုရားသခင်၏နှုကပတ်တော်သမ္မာကျမ်းစာကိုပိုင်းခြားလေ့လာရာ၌
ရှောင်ကြဉ်ရမည့်အချက်(၃)မှာ -
(၁)     သမ္မာကျမ်းကိုလွဲမှားစွာအနက်ဖွင့်ဆိုခြင်း။ (The Ministerpretation of Scripture)
(၂)     သမ္မာကျမ်းကိုလွှဲမှားစာအသုံးချခြင်း၊ သြ၀ါဒပေးခြင်း။ (The Misappliction of Scripture)
(၃)     သမ္မကျမ်းစာကိုနေရာဒေသနှင့်အချိန်အခါလွှဲမှားစွာအသုံးပြုခြင်း။ (The Dislocation of Scripture)
          စသည်တို့ဖြစ်သည်။
          လူသည်မိမိအလိုဆန္ဒကိုလိုက်၍သမ္မာကျမ်းစာ၏ဆိုလိုချက်အတိုင်းလက်မခံနိုင်ခြင်းသည်ဝိညာဉ်ရေး
ရာ၌အခက်အခဲတစ်ရပ်ဖြစ်သည်။ မိမိနှစ်သက်သည့်အပိုဒ်ကိုသာသင်ကြားလေ့လာတတ်သည်။
          ကျွန်ုပ်တို့သည်ဥပမာပေးတင်စားခြင်းမှအမှန်တရားဖေါ်ပြချက်များကိုလစ်လျူမရှုသင့်ပေ။ ယေရှုကိုတိုင်
စတင်အသုံးပြုခဲ့သည့်စကားများမဟုတ်။ ရှေးပရောဖက်မှစ၍အသုံးပြုခဲ့ဘူးသည်။ သမ္မာသစ်ကျမ်း၌ဤအရာများ
သည်ဝှက်ထားသကဲ့သို့ဖြစ်သော်လည်းအမှန်တကယ်မသိနိုင်သောအ၇ာများမဟုတ်ပါ။ (မဿဲ ၁၀း၁၀-၁၇)
အချိန်ကာလစေ့ရောက်သောအခါသိမြင်နိုင်သည်။ သင့်အားတံဆိပ်ရိုက်နှိပ်ပိတ်ထားသောစာတစ်စောင်ကိုပေး
အံ့။ စာထဲ၌အကြောင်းအရာသည်သင့်အတွက်မသိသောအရာဖြစ်သော်လည်းစာကိုဖွင့်၍ဖတ်သောအခါအား
လုံးသိမြင်နိုင်သည်။ စာ၌ရေးထားသောစကားလုံးမသိသော်လည်းသင်ယူ၍သိရှိနိုင်သည်။ မှန်ကန်စွာအနက်
အဓိပ္ပါယ်နားလည်နိုင်ရန်သမ္မာကျမ်းဆရာတည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်၏မစကူညီမှုကိုတောင်း
ခံခြင်းဖြင့်မသိနားမလည်သောအရာများကိုနားလည်သိမြင်လာနိုင်ပါသည်။
          ဤနေရာ၌အဓိကမေးခွန်းတစ်ရပ်ပေါ်လာနိုင်သည်။ ၎င်းမှာသမ္မာကျမ်းသည်ဘုရားသခင်၏ကျမ်းလော
(သို့) လူသား၏ကျမ်းလောဟူ၍ဖြစ်သည်။ဘုရားသခင်သည်လူကိုအသုံးပြု၍နှုတ်တော်ထွက်စကားကိုရေးထား
လေသည်။ ဘုရားသခင်ညွှန်ပြချက်မရှိဘဲလူသဘောအတိုင်းရေးသားခဲ့သောသမ္မာကျမ်းစာသည်ယုံကြည်နိုင်
ရာရှိမည်မဟုတ်ပေ။ ကျမ်းစာပါအကြောင်းအချက်များသည်လည်းလူသာမညအားဖြင့်မတွေ့ရဘဲအနန္တတန်ခိုး
ရှင်အားဖြင့်ရေးသားထားကြောင်းရှင်းလင်းပြတ်သားစွာသိမြင်နိုင်သည်။
          သမ္မာကျမ်းစာတွင်ထင်ရှားသောအာဗြဟံ၊ ယာကုပ်၊ မောရှေ၊ ဒါဝိဒ်နှင့်ရှောလမုန်စသည်တို့၏အပြစ်
ကြောင့်နာကြည်းမှု၊ ဂရုဏာကင်းမဲ့မှုများဖြစ်၍ထိုမှတစ်ဆင့်မှောက်မှားခြင်း၊ သစ္စာဖောက်ခြင်း၊ မာနာဝင့်ကြွား
ခြင်း မတရာသောမေထုန်မှီဝဲခြင်း၊ သူရဲဘောကြောင်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရက်စက်ကြမ်းတမ်းခြင်းတို့
ကိုကွင်းကွင်းကွက်ကွက်ရေးသားထားသည်။
          ထို့အပြင်ဣသရေလူမျိုးတို့၏ဂုဏ်အသရေယုတ်လျော့၍ကျေးဇူးကန်းခြင်း၊ ရုပ်တုဆင်းတုကိုးကွယ်ခြင်း၊
မယုံကြည်ခြင်းနှင့်ထာဝရဘုရားကိုပုန်ကန်ခြင်းကိုပါရေးသားထားသည်။ ဤအရာများသည်ဣသရေလသမိုင်း၌
အညစ်အစွန်းများငြိတွယ်နေသည်မဟုတ်လော။ ဘုရားသခင်၏၀ိညာဉ်တော်သည်စာရေးသူကိုအသုံးမပြုခဲ့
သော်ဤကဲ့သို့သောအကြောင်းအရာများကိုရေးသာမည်မဟုတ်ပါ။
          သမ္မာကျမ်းစာကိုမည်ကဲ့သို့ရေးသားခဲ့သနည်း။ သမ္မကျမ်းစာထဲ၌ပင်အဖြေရှိပြီးသားဖြစ်ပါသည်။ “ကျမ်း
စာရှိသမျှသည်ဘုရားသခင်မှုသွင်းတော်မူသောအားဖြင့်ဖြစ်၍“ဟုဆိုလေသည်။ (၁တိ ၃း၁၆)
          ဘုရားသခင်ကိုယ်တိုင်လူကိုညွှန်ပြခြင်း၊ ရွေးချယ်ခြင်း၊ သီတင်းစကား၊ ဥပဒေသ၊ ယုံကြည်ချက်ဖြစ်ရပ်
အမှန်နှင့်ဖေါ်ပြချက်များကိုရေးမှတ်စေခြင်းစသည်တို့ဖြင့် သိရှိနိုင်သည်။ လူသားတို့အားသိစေလိုသည့်သဘော
သဘာဝသည်ဘုရားအလိုတော်ဖြစ်သည်။
          ဤကျမ်းစာသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍နှုတ်ဖြင့်မြွက်ဆိုနိုင်သည်သာမကရေး
သားကာရေးမှတ်စေလိုခြင်းကိုဆိုလိုသည်။ သမ္မာကျမ်းစာသည်ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။
ဘုရားသခင်သည်ပုဂ္ဂိုလ်တစ်ပါးလည်းဖြစ်၍နှုတ်ဖြင့်မြွက်ဆိုနိုင်သည်သာမကရေးသားနိုင်သည်။ ကျောက်ပြား
ပေါ်၌ပညတ်တော်(၁၀)ပါးကို၎င်း၊(ထွ - ၃၁း၁၈၊ ၃၂း၁၆)ဗေလရှာဇာမင်းကြီးနန်တော်အုတ်နံရံအင်္ဂတေ၌
အက္ခရာတင်၍၎င်း၊ (ဒံ ၅း၅)ရေးသားနိုင်သည်။ တဲတော်ဆောက်ရန်အသေးစိတ်ညွှန်ကြားရာ၌တောင်ပေါ်တွင်
မောရှေနှင့်စကားပြောခဲ့သည်။ သခင်ယေရှုယောဒန်မြစ်၌နှစ်ခြင်းခံစဉ်(မဿဲ ၃း၁၇)၌၎င်း၊တောင်ပေါ်၌ယေရှု
ကိုယ်တိုင်ထင်ရှားစဉ်က၎င်း၊ (ယော ၁၂း၂၇-၃၀)ဘုရားသခင်စကားပြောသည်။ သို့သော်ဘုရားသခင်သည်လူ
ကိုတိုက်ရိုက်မပြောသည့်အခါလူဇာတိခံယူသောယေရှုအားဖြင့်စကားပြောသည်။ (ယော ၁း၁-၅၊ ၁၄၊ ၁တိ
၃း၁၆) ရှင်မဿဲနှင့်ယောဟန်ခရစ်ဝင်ကျမ်း၌အခန်းပေါင်း(၄၉)ခန်းရှိရာ၎င်း၌အပိုဒ်ငယ်ပေါင်း(၁၉၅၀)ပိုဒ်ရှိ၍
၎င်းအနက်(၁၁၄၀)ပိုဒ်သည်ယေရှုဟောပြောသောစကားများဖြစ်ပါသည်။ သူသည်သူကိုယ်တိုင်မပြော၊ ဖခမည်း
တော်သည်သူ့ကိုစေလွှတ်၍အဘယ်သို့စေလွှတ်၍အဘယ်သို့ဆုံးမရမည်ကိုပညတ်ထားတော်မူပြီး ဖြစ်ကြောင်း
ဟောပြောလေသည်။ (ယော ၁၂း၄၉-၅၀)
          ထို့ကြောင့်ဘု၇ားသခင်သည်ကိုယ်တိုင်ရေးသားနိုင်သည်သာမကနှုတ်ဖြင့်လည်းပြောကြားနိုင်သည်။ တ
ပါးသူများရေးသားနိုင်ရန်လည်းပြောကြားညွှန်ပြနိုင်သည်။
၂။       ဘုရားသခင်သည်ကျမ်းစာရှိသမျှအစိတ်အပိုင်းအားလုံးကိုမှုတ်သွင်းသလော။
          ဘုရားသခင်မှုတ်သွင်းထားပါသည်။ ရာဇ၀င်ကျမ်းအမည်များမှစ၍ထွက်မြောက်ရာကျမ်းဘု၇ားသခင်
မြွက်ဆိုသည့်စကား၌၎င်းခရစ်တော်ပြောကြားသည့်စကားအဆုံးအားလုံးကိုမှုတ်သွင်းထားသည်။ ထို့အပြင်
မူ၇င်းသားရေ၌ရေးထားသောဝါကျစာကြောင်းစကားအဆုံးအားလုံးကိုမှုတ်သွင်းထားသည်။ ထို့အပြင်မူရင်းသား
ရေ၌ရေးသားထားသောဝါကျစာကြောင်းအတိုင်း၊ စာလုံးအမှတ်အသား၊ အစက်၊ ဗိန္ဓုတစ်လုံးမကျန်အငယ်ဆုံး
ပညတ်ကိုမချန်အားလုံးပါဝင်သည်။ (မဿဲ ၅း၁၇၊၁၈)ယေရှုဆိုသည်ကား“ပညတ္တိကျမ်း၌အငယ်ဆုံးသောစာလုံး
ဗိန္ဓုတစ်လုံးမျှပြည့်စုံခြင်းသို့မရောက်မှီမပျက်စီးရ”ဟုဆိုရာတွင်ဟေဗြဲဘာသာ၌အငယ်ဆုံးသောစာလုံးနှင့်အငယ်
ဆုံးသောဗိန္ဓုတစ်လုံးကိုပင်ဘုရားရှင်မှုတ်သွင်းတော်မူ၍နှုတ်ကပတ်တော်ကိုနားလည်ရန်နှင့်ပြည့်စုံစေရန်အလွန်
အရေးပါကြောင်းဆိုလိုခြင်းဖြစ်ပါသည်။
          သို့သော်စာတန်၏စကား၊ ဆိုးညစ်သောလူ၊ ဇာတိစံသောသူအမျိုးအနွယ်များ၊ လူသား၏ကျဆင်းခြင်း
တမ်းများ၊ ရေလွှမ်းမိုးခြင်းနှင့်တခြားကျမ်းစာ၏ရာဇ၀င်အခန်းများကားအဘယ်သို့ဆိုရမည်နည်း။ ဤအကြောင်း
အရာများကိုလည်းဘုရားသခင်သည်လူကိုအသုံးချ၍ရေးသားစေသည်။ သမ္မာကျမ်းစာရေးသားချက်များသည်
ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်သာဖြစ်၍ခေတ်ကာလအဆက်ဆက်၌ဘုရားသခင်အကြံအစည်
တော်နှင့်ရည်ရွယ်ချက်အပေါ်၌အခြေပြု၍ရေးသားမှတ်တမ်းတင်ထားခြင်းများသာဖြစ်သည်။
၃။       သမ္မာကျမ်းစာရေးသားရန်လူများကို ဘုရားသခင်မည်ကဲ့သို့လှုံ့ဆော်သနည်း။
          လူများကိုညို့ထားခြင်း သို့မဟုတ် ဘ၀င်ကျစေခြင်း(သို့) စိတ်ကူးတွင်နစ်မြောစေခြင်းအားဖြင့်နှလုံးသား
မှပေါ်လာသည်ကိုရေးသားစေသလော။ သို့မဟုတ် ဘုရားသခင်သည်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်တိကျ
မှန်ကန်သောစာလုံးများကိုဆင့်ဆို၍ရေးမှတ်စေသလော။
          နှလုံးသားခံစားချက် သို့မဟုတ် တွေးခေါ်မှုများကိုစာအားဖြင့်သာဖေါ်ပြနိုင်သည်မှာအားလုံးသိပြီးဖြစ်
သည်။သမ္မာကျမ်းရေးသူရှေးသန့်ရှင်းသူများသည်ကျမ်းစာကိုရေးသူအဖြစ်လည်းရှုမြင်နိုင်သည်။ ကျမ်းစာသည်
သူ့အတွက်အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်သည်။(၂ပေ၊ ၁း၂၁-၂၂)၌“ကျမ်းစာ၌ပါသောအနာဂတ္တိစကားမည်သည်ကား
ကိုယ်အလိုအလျောက်အနက်မဖေါ်”ဟူဖတ်ရှုရသည်။ သမ္မာကျမ်းစာကိုကိုယ့်ဆန္ဒသဘောအတိုင်းအနက်ဖွင့်ဆို
ရန်အခွင့်အရေးမရှိပါ။ အဘယ့်ကြောင့်နည်း။
          “အကြောင်းမူကားအနာဂတ္တိစကားသည်လူအလိုအားဖြင့်ဖြစ်ဘူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်း
သူတို့သည်သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းခြင်းခံရ၍ဟောပြောကြ၏။” (၂ပေ ၁း၂၁)
          သမ္မာဟောင်းကျမ်းရေးသားသူပရောဖက်များသည်သူတို့သဘောအရရေးသားခြင်းမဟုကြောင်းထင်
ရှားသည်။ (၁ပေ ၁း၁၀-၁၁)ဘုရားသခင်၏အလိုတော်အတိုင်းသာရေးမှတ်စေလေသည်။ နောင်တစ်ခေတ်သန့်
ရှင်းသူများကတဆင့်အနက်ကိုဖွင့်ပြောပြလေသည်။ သမ္မာကျမ်းရေးသားသူများသည်ဘုရား၏အသုံးတော်ခံတန်
ဆာပလာများသာဖြစ်၍အလုံးစုံပြီးပြည့်စုံသည့်သန့်ရှင်းသူများမဟုတ်ပါ။ဗာလမ်ကဲ့သို့၎င်း(တော ၂၂း၃၈၊၂၃း၂၆)
ရှောလုကဲ့သို့၎င်း(၁ရာ ၁၀း၁၁၊ ၁၉း၂၀-၂၄)၊ ဗေသလမြို့၌ပရောဖက်ကဲ့သို့၎င်း(၃ရာ ၁၃း၇-၁၀၊ ၂၀း၂၂း၂၆)၊
ကယာဖကဲ့သို့၎င်း (ယော ၁၁း၄၉-၅၂) မပြည့်စုံသူများဖြစ်ကြပါသည်။
          သမ္မာကျမ်းဟောင်းရေးသားသူများကိုဘုရားသခင်မည်ကဲ့သို့ရေးမှတ်စေခြင်းတို့ကိုသူတို့ရေးသားချက်
များမှတဆင့်ထင်ရှားစွာသိမြင်နိုင်သည်။ ဘုရားသခင်မိန့်မှာကြောင်းမောရှေက“သို့ဖြစ်၍ ယခုသွားလော့။ သင်၏
နှုတ်၌ငါရှိ၍သင်သည်အဘယ်သို့ပြောရမည်ကိုသွန်သင်မည်”ဟုမိန့်တော်မူ၏(ထွ ၄း၁၀-၁၂)။ ပရောဖက်ယေရမိ
ကလည်း“လက်တော်ကိုဆန့်၍င့ါနှုတ်ကိုတို့တော်မူလျက်၊ သင်၏နှုတ်၌ငါ့စကားကိုငါသွင်းပြီ”(ယေ ၁း၆-၉)။
ယေဇကျေလ၊ ဒံယေလနှင့်ပရောဖက်အားလုံးကိုဤနည်းအတိုင်းဘုရားသခင်အသုံးပြုလေသည်။ “ကိုယ်တော်
မိန့်တော်မူသည်ကား” “ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်၍” “ထာဝရဘုရားသခင်မိန့်တော်
မူသည်ကား” စသည့်တို့ဖြင့်သမ္မာဟောင်းကျမ်း၌အကြိမ်(၂၀၀၀)မကဘုရားသခင်စကားပြောသည်။ရှင်ပေတရု
ကလည်းသူစာစောင်၌သန့်ရှင်းသူများကိုဘုရားသခင်သည်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လှုံ့ဆော်ကြောင်း
သက်သေထူထားသည်။
          သို့ဖြစ်လျှင်ကျမ်းရေးသူတစ်ဦးနှင့်တစ်ဦးရေးသာပုံကွဲပြားခြားနားသည်မှာအဘယ်ကြောင့်နည်း။ဟေရှာ
ယသည်ယေဇကျေလတို့နှင့်ခြားနား၍ပေတရုရေးသာနည်းသည်ယောဟန်နှင့်ပေါလုရေးသားပုံနှင့်ကွဲပြားနေ
သည်။ ဤသို့ဖြစ်ရခြင်းသည် ကျွန်တော်တို့လည်းတရားဥပဒေအကြောင်းအရာလိုအပ်လျှင်ဥပဒေကျွမ်းသူကို
ရွေးချယ်၍ရေးစေပြီးကဗျာလင်္ကာနှင့်တေးသီချင်းမျးအလိုရှိလျှင်၎င်းပညာရြပ်တတ်ကျွမ်းသူကိုရွေးချယ်လေ့ရှိ
သည်။ ထိုနည်းတူဘုရားသခင်သည်ပုံဆောင်ချက်များအလိုတော်ရှိစဉ်ဘုရင်ဒါဝိဒ်မှတဆင့်ဖေါ်ပြလေသည်။
          သမ္မာသစ်ရေးသူသည် အဘယ်ကြောင့်သမ္မာဟောင်းမှကိုးကား၍ရေးသားသနည်း။ ဥပမာ၊ အာမုတ်
အနာဂ္ဂါတ္တိ ၉း၁၁၌၊“လဲလျှက်ရှိသောဒါဝိဒ်၏တဲကိုထိုကာလ၌ငါပြန်တည်ဆောက်မည်။ အက်ကွဲရာများကိုစေ့စပ်
မည်။ ပြိုပျက်ရာများကိုလည်းပြုပြင်ပြီးလျှင်ထိုတဲကိုရှေးကာလ၌ရှိသကဲ့သို့မတ်စေပြန်မည်”ဟူ၍ဆိုသည်။
          သို့သော်ယေရုရှလင်မြို့၌ပထမအကြိမ်အသင်းတော်အစည်းအဝေးတစ်ရပ်၌ရှင်ယာကုပ်ကအထက်
ကျမ်းပိုဒ်ကိုကိုးကား၍၊
          “လဲလျှက်ရှိသောဒါဝိဒ်၏တဲကိုဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်းပြုပြင်ပြီးလျှင်ထိုတဲကို
မတ်စေပြန်မည်” (တ ၁၅း၁၆)။
          စာလုံးအနည်းငယ်ပြောင်းလဲသည်မှာအဘယ်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော်စာရေးသူသည်
ပရောဖက်အာမုတ်နှင့်တမန်တော်ယာကုပ်မဟုတ်ပါ။ သန့်ရှင်းသာဝိညာဉ်တော်တစ်ပါးတည်းသာဖြစ်၍သူသာ
လဆင်ပြောင်းလဲပိုင်ခွင့်ရှိသည်။ ကျမ်းပိုဒ်(၂)ပိုဒ်စလုံးတွင်ဆန့်ကျင်ဖက်အဓိပ္ပါယ်များမပါရှိသဖြင့်ပို၍ပင်ရှင်းလင်း
စေရန်အနက်ဖွင့်ပြောသည်။ (၁ပေ ၁း၁၁) ၌“ခရစ်တော်ခ့ရသောဆင်းရဲခြင်းမှသူတို့အထဲ၌ရှိသောခရစ်တော်၏
ဝိညာဉ်တော်သည်သက်သေခံနှင့်သည်”ဟူ၍၎င်း၊ ခရစ်တော်၏၀ိညာဉ်တော်သည်ပရောဖက်မှတဆင့်ခရစ်တော်
လက်ဝါးကပ်တိုင်မှာအသခံမည့်အကြောင်းကိုကြိုတင်ပရောဖက်ပြုထားသည်။(ဟေ ၅၃း၁-၁၂)။
          ယခုခေတ်စာပေလင်္ကာများဖတ်ရှုခြင်းအားဖြင့်၎င်း၊ တရားဒေသနာနားထောင်၍၎င်း၊ ခံစားရသောနှိုး
ဆော်ခြင်း၊ ဖေါ်ပြခြင်း၊ ၀ိညာဉ်အလင်းပေးခြင်း စသည်များ၏ခြားနားချက်ကိုသိရန်ဦးစွာလိုအပ်သည်။
          သမ္မာကျမ်းစာ၌ “နှိုးဆော်ခြင်း“ခံရမှုသည်လောကနှင့်ဆိုင်သောခံစားမှုမျိုးနှင့်ခြားနားသည်။ ၀ိညာဉ်နှိုး
ဆော်ခြင်းသည်ဘုရားသခင်၏တိကျမှန်ကန်သေညနှုတ်ကပတ်တော်ကိုစာရေးသူမှတဆင့်သန့်ရှင်းသောဝိညာဉ်
တော်အားဖြင့်ခံစားရသောအမျိုးကိုဆိုလိုသည်။
          “ဖေါ်ပြခြင်း”သည်လူသားတို့မသိနိုင်သည့်အရာများကိုဖွင့်ဟပြသခြင်းကိုဆိုလိုသည်။ ထိုအရာမှခေတ်
ကာလအပိုင်းအခြားအတွင်ဘုရားသခင်၏နှလုံး၌သိုဝှက်ထားသောအကြံအစည်တော်နှင့်ရည်ရွယ်ချက်ဖြစ်သည်
          သမ္မာကျမ်းစာမှဖေါ်ပြခြင်းသည်ဗျာဒိတ်ကျမ်းအထိသာဖြစ်သည်။ ဗျာဒိတ်ကျမ်းပြီးနောက်အသစ်သော
ကျမ်းစာအားဖြင့်နှုတ်ကပတ်တော်ဖေါ်ပြခြင်းအလျှင်းမရှိတော့ပါ။ ယခုအချိန်၌အသစ်သောဖေါ်ပြချက်ဖြင့်သမ္မာ
ကျမ်းရေးသားထားသည်ဟုဆိုခြင်းသည်ဖြားယောင်း၍လှည့်ဖြားခြင်းသာလျှင်ဖြစ်သည်။
နိုင်ချေ။ ဤအမှုသည်ဝိညာဉ်တော်ကသန့်ရှင်းသောယုံကြည်သူများ၏နှလုံးသားထဲ၌ပြုပြင်သောအမှုသာဖြစ်
သည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လူသားများ၏နှလုံးတံခါးကိုဖွင့်၍အသစ်သောဥာဏ်အားဖြင့်ဘုရာသခင်
၏နှုတ်ကပတ်တော်ကိုသိရှိနားလည်စေသည်။ (ယော ၁၆း၁၂-၁၅)ဇာတိပကတိလူသည်ဤနက်နဲသောဝိညာဉ်
ရေးရာကိုလက်မခံနိုင်ခေ။ (၁ကော ၂း၁၁-၁၄)
          ယခုခေတ်တွင်သမ္မာဟောင်း၌ပရောဖက်နှင့်သမ္မာသစ်၌တမန်တော်များကဲ့သို့အသစ်သောဖေါ်ပြချက်
ဖြင့်သမ္မာကျမ်းစာထပ်မံ၍ရေးသားသည့်အချိန်မဟုတ်ချေ။ ယခုခေတ်တွင်သန့်ရှင်းသောဝိညာဉ်တော်ကသမ္မာ
ကျမ်းထဲမှနက်နဲ၍၀ှက်ထားသောအရာများမသိနိုင်သောအရာများကိုရှင်းလင်းစွာဖေါ်ပြပြီးခေတ်ကာလအားအ
တွက်ဘုရားသခင်၏သမ္မာတရား၊ အကြံအစည်တော်နှင့် ရည်ရွယ်ချက်ကိုထင်ရှားစွာသိမြင်စေလေသည်။
ခေတ်ကာလနှင့် ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်
သမ္မာတရား (သို့) အကြံအစည်တော်နှင့်ရည်ရွယ်ချက်
THE DISPENSATIONAL TRUTH Or GOD’S PLAN AND PURPOSE IN THE AGES
Clarence Larkin
ဘာသာပြန်သူ - ဆရာဦးဂျော်ဆိုင်းယားငွါး
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )