
အဆိုတော်၊ သရုပ်ဆောင် သဇင်ကို ဂျာနယ်တစောင် မျက်နှာဖုံးမှာ ထူးခြားတဲ့ ခေါင်းစဉ်များနဲ့ တွေ့ရပုံ ဖြစ်ပါတယ်။ ဂျာနယ်ထဲမှာ ဘာတွေရေးထားလဲ မသိရပါ။
မျက်နှာဖုံးမှာတော့ အိမ်ထောင်ရေးဖောက်ပြန်ခြင်းမဟုတ် လို့ ရေးထားပါတယ်။
ဒီပြောဆိုချက်ဟာ သဇင်နဲ့ သူ့အတွဲဟောင်းတယောက် အိပ်ခန်းထဲက ဗီဒီယိုရိုက်ချက်တွေနဲ့ သက်ဆိုင်မယ်လို့ ယူဆရပါတယ်။
ဒီဗီဒီယိုဖိုင်တွေဟာ အသက် ၁၈ နှစ် မပြည့်ရင် ကြည့်ခွင့် မရှိတဲ့ ၀က်ဆိုက်များမှာ ရောက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ ၈နှစ်လောက်က ရိုက်ထားတယ်လို့ ခန့်မှန်းကြတဲ့ ဒီရုပ်သံထဲ သဇင်နဲ့တွဲလျက်တွေ့ရသူဟာ ဒုဝန်ကြီးတယောက်ရဲ့ သားဖြစ်ကြောင်းလည်း အွန်လိုင်းစာမျက်နှာတချို့က ရေးသားထားကြပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရိုက်ထားတာကို အခု ဘာကြောင့် အွန်လိုင်းကို ရောက်လာသလဲ၊ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ မသိရပါဘူး တဲ့။
သဇင်ရဲ့လက်ချက်မဟုတ်တာတော့ သေချာမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သဇင်က မကြာသေးခင်ကမှ အိမ်ထောင်ပြုလိုက်လို့ ဖြစ်ပါတယ်။ သူ့အိမ်ထောင်ဘက်နဲ့ အနည်းဆုံး စကားများရဖွယ်ရှိတဲ့ ဒီလုပ်ရပ်ကို သူ မလုပ်လောက်ပါဘူး။
ဒီဗီဒီယိုဖိုင်တွေအကြောင်း အွန်လိုင်းပရိသတ်တွေပဲ သိနေကြတယ်ဆိုရင် မှားပါလိမ့်မယ်၊ အွန်လိုင်းနဲ့ မနီးစပ်လည်း ဒီဖိုင်တွေက တောမီးပမာ ပျံ့နိုင်ပါတယ်၊ အခုလောက် ဆိုရင် ခိုးကူးခွေဆိုင်တွေရဲ့ အရောင်းရဆုံးစီဒီ စာရင်းထဲတောင် ၀င်ကောင်း ၀င်နေနိုင်ပါတယ်။



3:03 PM
Admin
 Posted in:  


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com