22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, February 27, 2012

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့  ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို ၀၉-၄၂ နံ ပါတ်ဖြင့် ချပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေကျပ် ၁၅ သိန်းတန် စီဒီအမ်အေဖုန်းများကို ၂၀၀၉ ခုနှစ်အတွင်း စတင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်းများနှင့် ၂၀၁၀ ခုနှစ်တွင်ချထားပေးခဲ့ပြီး ငွေကျပ် ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများကိုလည်း ချထားပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ၂၀၁၂ ခုနှစ်မတ်လ ၅ရက်နေ့တွင် ငွေကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်သတင်းအဖွဲ့  EMG
Print Friendly and PDFPrintPrint Friendly and PDFPDF

2 comments:

Anonymous said...

အခုလို သတင်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ရန်ကုန်၊ နေပြည်တော်မှဝယ်လာသော ဖုန်းများသည် တစ်နိုင်ငံလုံးအသုံးချနိုင်ခြင်းရှိ၊မရှိ သိလိုပါသည်။

ကံသာ ( Kamta ) said...

ဒါကတော့ သေချာပြောလို့မရပါ။ ရနိုင်ပါတယ်

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )