ဆီးချိုပျောက် ဆေးနည်း(၁)
ဆေးနည်းပေးပို့ သူ။ ။ဦးကျော်ငြိမ်း
ကုန်းစပယ်ရုံကျေးရွာ
ကျောင်းကုန်းနယ်။
ဆေးနည်း။ ။ကင်းပုံရွက် သတ္တုရည် ညှစ်ယူပါ။
ကြွေဇွန်းကြီးနှစ်ဇွန်း တစ်နေ့  သုံးကြိမ်တိုက်ပါ။
စွမ်းအင်။ ။အင်ဆူလင်ထိုးသည့်တိုင်အောင် ဆီးချိုနှုန်းလျော့ ကျမှု
နည်းပါးသူများ ဆေးနည်းအတိုင်း တိုက်ပြီး စစ်ဆေး
ကြည့်ပါက ချက်ချင်း ဆီချိုနှုန်းကျသွားသည်ကို တွေ့ ရ
ပါလိမ့်မည်။
ကင်းပုံရွက်စွမ်းအင်နှင့် ပတ်သက်သော ကောင်နုတ်ချက်များ
ကင်းပုံရွက်သည် ဆီးချိုရောဂါရှိသူများနှင့် သင့်၏။ အညစ်အကြေး၊ ဆီး ၀မ်းများ လွန်စွာသက်ဆင်းသည်ကို
ထိန်ချုပ်ပေးခြင်းဖြင့် ဆီးချိုရောဂါအတွက် အထောက်အကူပြုသည်ဟု ဆို၏။
(အရှင် နာဂသိန် လက်စွဲ ဆေးအဘိဓာန်)
ကင်းပုံရွက်အစိမ်းကို ဆီချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏။
(မြန်မာ့ဆေးဖက်ဝင် အပင်များ)
ဆီးချိုပျောက် ဆေးနည်း(၂)
ဆေးနည်းပေးပို့ သူ။ ။မောင်မောင်ရှင်း
သုမနာရာမတိုက်
စစ်ကိုင်းတောင်။
ဆေးနည်း။ ။ ခ၀ဲသီးအစေ့ ၀တ်ဆံကို ခွာပြီး စားပေးပါ။
စွမ်းအင်။ ။ ဆီးချိုရောဂါဖြစ်သဖြင့် ခ၀ဲသီးအစေ့ ၀တ်ဆံကို
သုံးလကြာ သတိရတိုင်း စားပေးရာ ပျောက်ကင်း
ချမ်းသာသွားပါသည်။
ဆီးချိုပျောက် ဆေးနည်း(၃)
ဆေးနည်းပေးပို့ သူ။ ။ ဆရာဦးချစ်ဆောင်း
မြို့ ဟောင်းရပ်
ကျည်တောင်ကန်။
ဆေးနည်း။ ။ ဆီးချိုရောဂါကို အင်္ဂ၀ိဇ္ဇာကျမ်းအရ ကောက်ယူလျှင်
ဆီးမှာအင်္ဂါနံ ၃ ဂဏန်း၊ ချိုမှာ တနင်္လာနံ ၂ ဂဏန်း
ဖြစ်၍ ၃ - ၂ ရပါသည်။ ၄င်းကို ကက်ကင်း သေ
ရှင်သူ၊ ရှေ့ နောက်ပြန်လှန်ကူ ဓာတ်တူနံတူ ဆေး
ဘက်ကိုယူ၊ နံတူသတ်က အသေရ၊ သူ့ ကိုနိုင်လို
ဆကို ခို၊ လိုရာဆေးဖော်ကာသုံးဟူသော လင်္ကာ
နည်းအရ ဆီးချိုရောဂါ ပျောက်ဆေးပင်သည် ချို
ဆီး (၀ါ) ဂျုတ်ဆီး (၀ါ) ချိတ်ဆက်၊ ကျက်ဆတ် စ
သဖြင့် ဒေသအခေါ် အမျိုးမျိုးရှိသော ဆေးပင်ဖြစ်
သည်။ ၄င်းကို အမြစ် အခေါက် ရရာကို သုံးခွက်
တစ်ခွက်တင် ကျိုသောက်ပါ။ ရက်ရှည် သုံးစွဲနိုင်
ရန် အမှုန့် ပြု၍ သုံးစွဲနိုင်ပါသည်။ ၄င်းအပင်ကို
မြန်မာပြည်အထက်ပိုင်း တောတောင်များတွင် ရှာ
ဖွေ တွေ့ ရှိနိုင်ပါသည်။
နေ၀င်း (လန်ဒန်)
မြန်မာ့ဆေးမြီးတိုများ စာအုပ်မှ
ကူးယူမျှဝေပေးပါသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com