
ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်ကတည်းက ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် ချိတ်ဆက် ခဲ့ဖူးပြီး ယခုအခါ မန်ချက်စတာ ယူနိုက်တက်၏ ပစ်မှတ် ထားခြင်းကိုပါ ခံနေရသည်။ ချန်ပီယံလိဂ် ၀င်ခွင့်နှင့်သာ စပါးအသင်း လွဲချော်ခဲ့ပါက မိုဒရစ်ကို ဆက်ထိန်းရေးသည် အလွန် ခက်ခဲသွားဖွယ် ရှိနေသည်။ အကယ်၍ မိုဒရစ်ကိုသာ စပါးက ရောင်းထုတ် လိုက်ပါက ဝေလ လက်ရွေးစင် တောင်ပံလူ ဘေးလ်၏ ၀ှိုက်ဟတ်လိန်း အနာဂတ်မှာလည်း ဆုံးခန်း တိုင်သွားမည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ချန်ပီယံလိဂ် ၀င်ခွင့်မရပါက အသင်းမှ ထွက်ခွာဖွယ် ရှိသည့် မိုဒရစ်
ဘေးလ်သည် စပါးနှင့် (၂၀၁၅)ထိ စာချုပ်ထားပြီး အသင်းက တန်ကြေး ပေါင်စတာလင် သန်း(၅၀) သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။ ၎င်းက ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ပါက အပြောင်းအလဲ အတွက် တစ်စုံတစ်ခုသော ရွေးချယ်မှုကို စဉ်းစားလာရလိမ့်မည်ဟု ၀န်ခံထားသည်။ “ကစားသမားတိုင်းဟာ ကိုယ့်အရည်အသွေး အတွက် ချန်ပီယံလိဂ်လို အဆင့်အမြင့်ဆုံး ပြိုင်ပွဲတွေမှာ စမ်းသပ်ချင်ကြပါတယ်။ ကျွန်တော့် အနာဂတ်ကို ဆက်ပြီး စောင့်ကြည့် ရပါဦးမယ်။ တကယ်လို့ စပါးသာ ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ရင်တော့ ကျွန်တော်တို့ ပြန်ပြီး ဆွေးနွေးဖို့ လိုအပ် လာမှာပါ” ဟု ဘေးလ်က ပြောကြား ထားခဲ့သည်။
Ref: Daily Mail
အကယ်၍ မိုဒရစ်ကိုသာ စပါးက ရောင်းထုတ် လိုက်ပါက ဝေလ လက်ရွေးစင် တောင်ပံလူ ဘေးလ်၏ ၀ှိုက်ဟတ်လိန်း အနာဂတ်မှာလည်း ဆုံးခန်း တိုင်သွား...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com