ချယ်လ်ဆီး အသင်းသည် ပေါ်တို တိုက်စစ်မှူး ဟော့ခ်ကို ခေါ်ယူရန် တစ်ကျော့ပြန် ကြိုးပမ်းနေကြောင်း သိရှိရသည်။နွေရာသီတွင် အသင်းမှ ထွက်ခွာရန် သေချာသလောက် ရှိနေသည့် ဒီဒီရာ ဒရော့ဂ်ဘာ နေရာကို အစားထိုးရန် ကြိုးပမ်းနေသော လန်ဒန် ကလပ်သည် ရီးယဲလ်မက်ဒရစ်မှ ဂွန်ဇာလို ဟီဂူအင်းကိုလည်း ချိတ်ဆက်ခဲ့သေးသည်။ ယခုအခါ ချယ်လ်ဆီးသည် ပေါ်တူဂီကလပ် ပေါ်တိုတွင် ခြေစွမ်း ပြနေပြီး ၎င်းတို့ ကာလရှည်ကြာ ပစ်မှတ်ထားနေသည့် ဘရာဇီးလ် လက်ရွေးစင် ဟော့ခ်အား ပြန်လည် ဦးလှည့် ချိတ်ဆက်လာခြင်း ဖြစ်သည်။ ပေါ်တိုသည် ဟော့ခ်၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၈၅)သန်းထိ ကာလရှည်ကြာ သတ်မှတ် ထားခြင်းကြောင့် ချယ်လ်ဆီးတို့ ရှေ့မတိုး နိုင်ဘဲ ဖြစ်နေခဲ့သေးသည်။

ပေါ်တို တိုက်စစ်မှူး ဟော့ခ်
သို့သော်လည်း ယခုအခါ ချယ်လ်ဆီးသည် ဟော့ခ်ကို ပေါင်စတာလင် (၃၅)သန်း ၀န်းကျင်ဖြင့် ရရှိရန် ကြိုးစားနေခြင်း ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ တိုက်စစ်မှူးသည် ဘရာဇီးလ်ပီပီ ဘောလုံး ကျွမ်းကျင်မှု ပြည့်ဝသလို ကြံ့ခိုင်မှု အားပြု ကစားရာတွင်လည်း ထူးချွန်သူ ဖြစ်သည်။ ယခုအခါ ပေါ်တို ဥက္ကဋ္ဌ ပင်တို ဒါကော်စတာက မိမိတို့သည် ဟော့ခ်အတွက် ခေါ်ဈေး၏ ထက်ဝက်မျှဖြင့်သာ အရောင်းအ၀ယ် ဖြစ်မည်ဟု မျှော်လင့်ထားကြောင်း ၀န်ခံ ပြောဆိုခဲ့သည်။ ချယ်လ်ဆီးသည် တိုက်စစ်နေရာ အတွက် ဟီဂူအင်း၊ ဟော့ခ်တို့အပြင် နာပိုလီမှ ဥရုဂွေး လက်ရွေးစင် အီဒင်ဆန် ကာဗာနီကိုလည်း စိတ်ဝင်စားလျှက် ရှိသည်။
Ref: Daily Mail
ပေါ်တိုသည် ဟော့ခ်၏ ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၈၅)သန်းထိ ကာလရှည်ကြာ သတ်မှတ်ထားခြင်းကြောင့် ချယ်လ်ဆီးတို့ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေခဲ့သေး...



3:11 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com