~
ဘိန်းဘုရင် ခွန်ဆာ ၂၀၀၇ အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်မှာ ကွယ်လွန်သွားပြီ ဆိုတဲ့သတင်း ထွက်ခဲ့ပါတယ်။ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာ၊ သတင်းစာမှာ နာရေးကြော်ငြာ ပါလာတာမျိုး မရှိခဲ့ပါဘူး။သူ့ရဲ့ နာရေးအခမ်းအနားဆိုင်ရာ ဓာတ်ပုံတွေလည်း အွန်လိုင်းကို ရောက်မလာပါဘူး။
သို့သော်လည်း သူ သေဆုံးပြီ ဆိုတဲ့ သတင်းကို သတင်းဌာနအများအပြားက တဆင့် သိကြရသူတွေကတော့ သူသေဆုံးပြီလို့ နားလည်ထားကြပါတယ်။
သူသေဆုံးပြီ ဆိုတာကို မယုံကြည်သူများလည်း ရှိနေပါတယ်။ အန္တရာယ်တွေကို စိုးရိမ်လို့ သေဆုံးတယ် သတင်းလွှင့်ပြီး ကိုယ်ရောင်ဖျောက်သွားတယ်လို့ ယူဆသူတွေ ရှိကြမှာပါ။ ဒါလည်း ဖြစ်နိုင်ချေတခုပါပဲ။
သူ့နာရေးသတင်းကို မယုံကြည်သူတွေထဲမှာ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) နဲ့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့တို့ ပါဝင်နေပါတယ်။
အင်တာပိုဝက်ဆိုက် အလိုရှိသည် စာရင်းမှာ ရှာကြည့်ရင် ဦးခွန်ဆာကို တွေ့ရမှာပါ။
ဒါက ဦးခွန်ဆာအကြောင်း ဖော်ပြချက် ဖြစ်ပါတယ်။
(ဒါက ဦးခွန်ဆာနဲ့တော့ ဆိုင်မယ် မထင်ပါဘူး၊ မြန်မာပြည်ဖွား လူတယောက်၊ အင်တာပိုက အလိုရှိနေသူတဦးပါ၊ အင်တာပိုအွန်လိုင်းမှာ တွေ့တာနဲ့ ကော်ပီကူးထားလိုက်တာပါ)
ဒါကတော့ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ မူးယစ်ဆေး နဲ့ လုံခြုံရေးဌာနရဲ့ ကြော်ငြာ ဖြစ်ပါတယ်။ ခွန်ဆာကို အလိုရှိသည် တဲ့။လိပ်စာက - http://www.state.gov/www/global/narcotics_law/chang_chi-fu.html
ခွန်ဆာကို ဖမ်းမိရေး သတင်းပေးနိုင်ရင် ဒေါ်လာ ၂ သန်း ပေးမယ်လို့ ဆိုထားပါတယ်။



3:09 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com