သရုပ်ဆောင် ချစ်သုဝေ၏ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်သည့် ‘တိမ်တွေနေတဲ့အရပ်’ ၏ဗီစီဒီအား မေလအတွင်း ဖြန့်ချိနိုင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ဗီစီဒီအားရိုက်ကူးမှုမှာ ပြီးစီးနေပြီဖြစ်ပြီး ဖြန့်ချိရန်သာ ကျန်ရှိနေခြင်းဖြစ်သည်ဟု သိရှိရသည်။
“ထရီဇာရဲ့ဗီစီဒီလေး ရိုက်ကူးမှုက အားလုံးပြီးစီးသွားပါပြီ။ တစ်ကိုယ်တော်စီးရီးလေးလည်း ဖြစ်နေတဲ့ အခါကျတော့ ဗီစီဒီရိုက်တဲ့အခါလည်း သေချာလေးပြင်ဆင်ပြီး ရိုက်ကူးထားပါတယ်။ သီချင်းတစ်ပုဒ် ချင်းရဲ့ theme လေးအလိုက် ဖန်တီး ရိုက်ကူးထားသလို စာတန်းထိုးတဲ့ ဒီဇိုင်းလေးတွေကအစ ဆန်းဆန်းပြားပြားလေးဖြစ်အောင် စိတ်ကူးထားတယ်။ အဓိကတော့ ထရီဇာ့အခွေလေးကို ၀ယ်သိမ်းမယ့် ပရိသတ်တွေကို မှတ်မှတ်ရရလေး ဖြစ်စေချင်တယ်။ အဲဒီစေတနာကိုပဲ အဓိကထားပြီး ပုံဖော်ထားတာပါ။ ဒါကြောင့်အားပေးကြပါလို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ မေလဆန်းပိုင်းမှာ ဖြန့်မယ်လို့စိတ်ကူး ထားပါတယ်။ အဓိကတော့သင်္ကြန်အပြီး ကျောင်းတွေကလည်း မဖွင့်သေးတဲ့အချိန်မှာ ထရီဇာ့ဗီစီဒီလေး ကြည့်နိုင်အောင်ပေါ့လေ”ဟု သရုပ်ဆောင် ချစ်သုဝေကရှင်းပြခဲ့သည်။
ချစ်သုဝေ၏ ‘တိမ်တွေနေတဲ့အရပ်’ ဗီစီဒီတွင် ဒါရိုက်တာကိုဇော် (အရုဏ်ဦး)၊ နေပိုင်၊ ကိုပေါက်၊ ကြည်ဖြူသျှင်၊ စိန်လင်း(ပြင်ဦးလွင်)၊ ဟက်ခ်နှင့် ချစ်သုဝေတို့ ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ ပြေတီဦး၊ ရဲတိုက်၊ မြင့်မြတ်၊ အောင်ရဲလင်း၊ စိုင်းစည်တွမ်ခမ်း၊ ချစ်သုဝေ၊ ချစ်ဆုဝေ၊ နန်းမြတ်ဖြိုး သင်း၊ ခင်မဉ္ဇူခိုင်၊ ပေါ်ပီတော့ပ်၊ ပင်ကီ၊ ဗြူတီတို့ ပါဝင်ထားသည်ဟု သိရှိရသည်။
ဗီစီဒီထွက်ရှိခြင်း အထိမ်းအမှတ်အဖြစ် အမှတ်တရအစီအစဉ် တစ်ခုခု ပြုလုပ်နိုင်ရန်လည်း စီစဉ်လျက်ရှိသည်ဟု သိရသည်။



7:09 AM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com