22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 19, 2012

ဗီလာနိုဗာအား ကြိုဆိုကြောင်း ဘာစီလိုနာ ကွင်းလယ်လူ ရှာဗီပြောကြား

ဘာစီလိုနာ နည်းပြသစ်အဖြစ် ဆက်ခံနေရာ ယူမည့် တီတို ဗီလာနိုဗာကို ကြိုဆိုပါကြောင်း ကွင်းလယ်လူ ရှာဗီဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။


စပိန် လက်ရွေးစင် ရှာဗီက ဂွာဒီယိုလာ ခေတ်လွန် ဘာစီလိုနာ အသင်းတွင် ဗီလာနိုဗာက အကောင်းဆုံး ဦးဆောင်မှု ပေးစွမ်းနိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ ဂွာဒီယိုလာသည် ဘာစီလိုနာအား (၄)နှစ်အတွင်း ဥရောပ ချန်ပီယံလိဂ် ဆုဖလား (၂)ကြိမ် ရယူပေးနိုင်ခဲ့သလို ဥရောပ၏ အကောင်းဆုံး နည်းပြ တစ်ဦးဖြစ်ကြောင်း အချိန်တိုတိုဖြင့် မှတ်ကျောက်တင် ခံနိုင်ခဲ့သည်။ ဂွာဒီယိုလာ နေရာတွင် ၎င်း၏ လက်ထောက် ဗီလာနိုဗာကို ခန့်အပ်ချိန်တွင် အံ့ဩသူများ ရှိခဲ့သော်လည်း ရှာဗီက နည်းပြသစ်ကို လက်မထောင် ကြိုဆိုနှုတ်ဆက်လိုက်သည်။
ဘာစီလိုနာကို ဆက်လက်ဦးဆောင်မည့် ဗီလာနိုဗာ

ရှာဗီက “ဂွာဒီယိုလာက နည်းပြ ဆက်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အပေါ် လူတိုင်း အံ့ဩသွားပါတယ်။ သူ(၄)နှစ်အတွင်း ဒီမှာ လုပ်ပေးသွားတဲ့ အရာ အားလုံးအတွက် ကျွန်တော်တို့ အမှတ်ရနေမှာပါ။ သူဟာ အ၀တ်လဲခန်းထဲမှာ လူတိုင်း လေးစားရသူ တစ်ယောက် ဖြစ်ပါတယ်။ ကလပ်ရဲ့ အတွေးအခေါ် ပိုင်းကိုလည်း အကောင်းဆုံး နားလည်ထားသူပါ။ ခုချိန်မှာတော့ ဗီလာနိုဗာက အသင်းမှာ ဆက်ရှိပြီး ဘာစီလိုနာကို ဦးဆောင်ပါမယ်။ ဒါကြောင့် ဘာစီလိုနာရဲ့ လည်ပတ်ပုံဟာ အပြောင်းအလဲ ရှိနေမှာ မဟုတ်ပါဘူး။ နည်းပြသစ် ဆိုပေမယ့် သူရဲ့ နည်းစနစ်တွေမှာ အသင်းက မြန်မြန် ဆန်ဆန် အထိုင်ကျမှာပါ” ဟု သုံးသပ်ခဲ့သည်။

ဂွာဒီယိုလာသည် ယခုရာသီ နောက်ဆုံးပွဲစဉ်အဖြစ် မေလ(၂၅)ရက်နေ့တွင် စပိန် ဘုရင့်ဖလား ဗိုလ်လုပွဲ၌ အက်သလက်တီကို ဘီလ်ဘာအိုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထို့နောက်တွင်မူ အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
Ref: The World Game ခုချိန်မှာတော့ ဗီလာနိုဗာက အသင်းမှာ ဆက်ရှိပြီး ဘာစီလိုနာကို ဦးဆောင်ပါမယ်။ ဒါကြောင့် ဘာစီလိုနာရဲ့ လည်ပတ်ပုံဟာ အပြောင်းအလဲ ရှိနေမှာ မဟုတ်ပါဘူး။ နည်းပြသစ် ဆိုပေမယ့် သူရဲ့ နည်းစနစ်တွေမှာ အသင်းက မြန်မြန် ဆန်ဆန် အထိုင်ကျမှာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )