အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီသည် အသင်းက လိုက်မီရန် ခက်ခဲသော လုပ်ခလစာ တစ်ရပ် တောင်းဆို ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာရန် ပိုမို နီးစပ်လာကြောင်း သိရသည်။
ဗြိတိန် သတင်း ဌာနများက နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် ယခု သီတင်းပတ် အတွင်း အာဆင်နယ်နှင့် သက်တမ်းတိုး စာချုပ်ရန် ဆွေးနွေးမှု ပျက်ပြယ် သွားပြီးနောက် ၎င်း၏ အမ်းမရိတ်စ် အနာဂတ်သည် သံသယဖြစ်ဖွယ် ရှိလာကြောင်း ဖော်ပြခဲ့သည်။ Daily Mail က ဗန်ပါစီသည် နယ်သာလန် အသင်းနှင့် အတူ ဥရောပဖလား ပြိုင်ပွဲတွင် သွားရောက် ကစားပြီး အာဆင်နယ်သို့ ပြန်လာချိန်တွင် အသင်း အနေဖြင့် ယင်းကိစ္စကို အလေးအနက် စဉ်းစား ရတော့မည်ဟု ဖော်ပြခဲ့သည်။ ဗန်ပါစီသည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သည်။
လက်ရှိတွင် မန်ချက်စတာ စီးတီး၊ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ် အသင်းများက အသက်(၂၈)နှစ်ရှိ ကစားသမားကို စိတ်ဝင်စားနေသည်။ ဗန်ပါစီက ၎င်းသည် ကမ္ဘာ့ထိပ်သီးများ ဖြစ်သော လီယွန်နယ်လ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ကဲ့သို့ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၇၅၀၀၀)မျှ လုပ်ခ လစာမျိုးကို လိုလားနေကြောင်း စပိန် သတင်း ဌာနများက ဆိုသည်။ အာဆင်နယ်ကမူ ယခု ပရီးမီးယားလိဂ် ဘောလုံးရာသီ အတွင်း ဂိုး(၃၀)သွင်းယူခဲ့သော ကစားသမားအား တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၃၀၀၀၀)ထိသာ ကမ်းလှမ်းခဲ့သည်။
ဗန်ပါစီနှင့် အာဆင်နယ်၏ အနာဂတ်သည် ရှုပ်ထွေးနေဆဲ ဖြစ်ပြီး ဗန်ပါစီ၏ အေးဂျင့်သည် ယခုနွေရာသီတွင် ကမ်းလှမ်းမှုတိုင်းအား လက်ခံ စဉ်းစားလာဖွယ် ရှိနေသည်။ မန်စီးတီးသည် ကားလို့စ်တီဗက်ဇ်ကို ရောင်းထုတ်ရန် စီစဉ်နေပြီး ၎င်း၏ နေရာတွင် ဗန်ပါစီသည် ဦးစားပေး အစားထိုး လိုသည့် ပစ်မှတ် ဖြစ်လာနိုင်ကြောင်း သိရှိရသည်။
Ref: Daily Mail
ဗန်ပါစီက ၎င်းသည် ကမ္ဘာ့ထိပ်သီးများဖြစ်သော လီယွန်နယ်လ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ကဲ့သို့ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၇၅၀၀၀)မျှ လုပ်ခ လစာမျိုးကို လိုလားနေ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com