မန်ချက်စတာ နှစ်သင်း၏ အင်္ဂလန် ဘောလုံး အင်ပါယာ ထီးနန်း လုပွဲနှင့် ပတ်သက်ပြီး ပြိုင်ဘက်ဟောင်းကြီး နှစ်ဦးဖြစ်သော ရွိုင်ကိန်းနှင့် ပက်ထရစ် ဗီအဲရာတို့ စကားရည် လုနေကြသည်။
ယခင် ကတည်းက အခြေအတင် ပြောဆိုနေကျ ပြိုင်ဘက်ဟောင်းများ ဖြစ်သော မန်ချက်စတာ ယူနိုက်တက်နှင့် အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်းများသည် ITV တွင် ဘောလုံး အစီအစဉ်မှူး ရာထူးများကို တူတူညီညီ ရယူထားသည်။ ကိန်းက ၎င်း၏ အသင်းဟောင်း မန်ယူသည် ယခုနှစ် ဘောလုံး ရာသီတွင် မန်ချက်စတာ စီးတီးထံ အမှတ်ပေး ချန်ပီယံဘွဲ့ကို လွှဲပေး လိုက်ရသော်လည်း ပြန်လည် နိုးထ လာမည်ဟု ဆိုသည်။ မန်စီးတီး၏ ဘောလုံး ဖွံ့ဖြိုးရေး အမှုဆောင် ရာထူးကို ပိုင်ဆိုင်ထားသည့် ဗီအဲရာကမူ မိမိတို့သည် အင်္ဂလန်ကို လွှမ်းမိုးမည့် အဆင့်မျိုး ရောက်နေပြီဟု တုံ့ပြန်ခဲ့သည်။
ကိန်းက “မန်စီးတီးဟာ ဒီရာသီ မန်ယူကို (၂)ပွဲလုံး နိုင်တယ်။ ပရီးမီးယားလိဂ်မှာ ဂိုးတွေ ပိုသွင်းသလို ပေးဂိုးလည်း ပိုနည်းခဲ့တယ်။ သူတို့ဟာ ချန်ပီယံ ဆုနဲ့ ထိုက်တန်သလို ချီးလည်း ချီးကျူးပါတယ်။ ဒါပေမဲ့ မန်ယူကို စာရင်းထဲက ထုတ်ပစ်လို့ မရပါဘူး။ ဘယ်တော့များမှ မန်ယူကို သံသယ မရှိပါနဲ့။ မန်ယူဟာ ဂိုးကွာခြားချက် အနေအထား တစ်ခုတည်းနဲ့ ဆုဖလားကို လက်လွှတ် ခဲ့ရတာပါ။ မန်ယူဟာ တစ်ကြိမ် ကျရှုံးပြီးတိုင်း ပြန်နိုးထ လာနေကျ ဖြစ်ပါတယ်။ ဒါဟာ ကလပ်အသင်းရဲ့ ပင်ကိုယ် သဘာဝပါပဲ။ ခုဆို မန်ယူဟာ ကစားသမားသစ် တစ်ယောက်၊ နှစ်ယောက်ကို ဖြည့်ဆည်းပါလိမ့်မယ်။ မန်ယူ ပရိသတ်တွေကလည်း ပွဲတွေ ပြန်စဖို့ နီးလေလေ၊ စိတ်လှုပ်ရှားလေလေ ဖြစ်နေမှာပါ”ဟု ပြောကြားခဲ့သည်။
ဗီအဲရာကမူ “စိတ်လှုပ်ရှားစရာပါပဲ။ မန်စီးတီးဟာ ခုချိန်မှာ လုံးဝ ကွဲပြားခြားနားတဲ့ အဆင့် တစ်ခုကို ရောက်လာပါပြီ။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ အရာတွေကို ဖြစ်အောင် လုပ်ပြနိုင်ခဲ့တယ်။ မန်စီးတီးရဲ့ အောင်မြင်မှုတွေဟာ နောက်ထပ် လာပါဦးမယ်။ မန်စီးတီးဟာ မန်ယူ မဟုတ်သေးပါဘူး။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်(၂၀)အတွင်း မရဖူးတဲ့ ဆုဖလား မရှိလောက်အောင် သိမ်းပိုက်ခဲ့တယ်။ ခုချိန်မှာ ကျွန်တော်တို့ အတွက် အရေး အကြီးဆုံးက မန်ယူကို ကျော်ဖြတ်ပြီး (၂)နှစ်ဆက် ချန်ပီယံ ဖြစ်ဖို့ပါ။ ပြီးရင်တော့ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းအဖြစ် အမြဲတမ်း ရှိနေဖို့ပဲပေါ့” ဟု ပြောဆိုသွားသည်။
Ref: Daily Mail
မန်ယူဟာ တစ်ကြိမ်ကျရှုံးပြီးတိုင်း ပြန်နိုးထလာနေကျ ဖြစ်ပါတယ်။ ဒါဟာ ကလပ်အသင်းရဲ့ ပင်ကိုယ် သဘာဝပါပဲ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com