22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 19, 2012

ဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူရသည်ထိ ပွဲမကြာနိုင်ဟု ဆက်ခ်ျ ယုံကြည်နေ

ချယ်လ်ဆီး အနေဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ရလောက်အောင်ထိ အချိန်ကြာကြာ ကစားရန် မလိုဟု ယုံကြည်ကြောင်း ဂိုးသမား ပီတာဆက်ခ်ျက ပြောကြားခဲ့သည်။

ချက်လက်ရွေးစင် ဆက်ခ်ျသည် (၂၀၀၈)ခုနှစ်၊ ဗိုလ်လုပွဲက မန်ချက်စတာ ယူနိုက်တက်အား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အရေး နိမ့်ရာ၌ အသင်းအတွက် ပါဝင် ကစားပေးခဲ့သည်။ ယခုနှစ် ဗိုလ်လုပွဲတွင် ၎င်းတို့နှင့် ယှဉ်ပြိုင်ရမည်မှာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် ဖြစ်ပြီး ဂျာမန် အသင်းများသည် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာတွင် အရေးနိမ့်လေ့ မရှိဟု နာမည်ကြီးသည်။ ဆက်ခ်ျက ချယ်လ်ဆီး အနေဖြင့် မဖြစ်မနေ ပင်နယ်တီ အဆုံးအဖြတ် ခံယူ လာရမည့် အခြေအနေမျိုးထိ ရောက်မသွားနိုင်ဟု သုံးသပ်ခဲ့သည်။
လေ့ကျင့်ကွင်းတွင် တွေ့ရသော ပီတာဆက်ခ်ျ

တနင်္ဂနွေနေ့တွင် အသက်(၃၀) ပြည့်မည်ဖြစ်ရာ ချန်ပီယံ လိဂ်တွင် ဗိုလ်စွဲပါက ဆုဖလားကို မွေးနေ့လက်ဆောင်အဖြစ် ရယူနိုင်မည့် ဆက်ခ်ျက “ကျွန်တော်ကတော့ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ပတ်သက်ပြီး သိသင့် သိထိုက်တဲ့ သတင်း အချက်အလက် အားလုံးကို စုဆောင်း ထားပြီးသားပါ။ ဒါပေမဲ့ ဒီပွဲက ပင်နယ်တီ အဆုံးအဖြတ်ထိ အချိန်ကြာမယ် မထင်ဘူး။ မိနစ်(၉၀)အတွင်းမှာတင် အနိုင်အရှုံး အဖြေပေါ်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော် ဘိုင်ယန်ကစားတဲ့ ပွဲတွေကို လေ့လာပြီးပါပြီ။ တကယ်လို့ ပင်နယ်တီ အဆုံးအဖြတ်မျိုး ကြုံလာရင်လည်း ကျွန်တော်ကတော့ လုပ်စရာရှိတာကို အကောင်းဆုံး လုပ်မှာပါ” ဟုလည်း ပြောဆိုသွားသည်။

ချယ်လ်ဆီးသည် ဥရောပ ပြိုင်ပွဲများတွင် ပင်နယ်တီ အဆုံးအဖြတ် (၂)ကြိမ် ခံယူဖူးပြီး ဘိုင်ယန်ကမူ (၄)ကြိမ် ကြုံဖူးရာတွင် (၄)ကြိမ်လုံး အနိုင် ရခဲ့သည်။
Ref: Daily Mail
ဒီပွဲက ပင်နယ်တီ အဆုံးအဖြတ်ထိ အချိန်ကြာမယ် မထင်ဘူး။ မိနစ်(၉၀)အတွင်းမှာတင် အနိုင်အရှုံး အဖြေပေါ်ဖို့ မျှော်လင့်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )