မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီးတို့သည် အီဒင်ဟာဇက် အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး တရားဝင် ဆွေးနွေးရန် စီစဉ်နေပြီ ဖြစ်သည်။
မန်ချက်စတာ နှစ်သင်း၏ ဟာဇက်ကို ပိုင်ဆိုင်နိုင်ရေး တိုက်ပွဲဝင်နေမှုသည် ယခုအခါ အရှိန်အဟုန် ပိုမို ပြင်းပြလာခဲ့ပြီ ဖြစ်သည်။ လိုင်လီအသင်းသည် ၎င်းတို့၏ အကောင်းဆုံး ကစားသမားဖြစ်သော အသက်(၂၁)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်အတွက် ပေါင်စတာလင် (၃၅)သန်းမျှ ရရှိမည်ဟု မျှော်လင့်နေသည်။ ကွင်းလယ် တိုက်စစ်နှင့် တောင်ပံတိုက်စစ်များတွင် အကောင်းဆုံး ကစားနိုင်သော ဟာဇက်သည် ဥရောပ၏ အနာဂတ် အတောက်ပဆုံး လူငယ် တစ်ဦးအဖြစ် သတ်မှတ် ခံထားရသည်။
လိုင်လီအသင်းသည် ၎င်းတို့၏ အကောင်းဆုံး ကစားသမားဖြစ်သော အသက်(၂၁)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင်အတွက် ပေါင်စတာလင် (၃၅)သန်းမျှ ရရှိမည်ဟု မျှော်လင့်နေ...
ယခုအခါ လိုင်လီသည် တနင်္လာနေ့တွင် မန်ချက်စတာ နှစ်သင်းလုံးနှင့် ပထမဆုံးအကြိမ် ဟာဇက် အပြောင်းအရွှေ့ ကိစ္စကို ဆွေးနွေးသွားမည် ဖြစ်သည်။ ဟာဇက်က ၎င်းသည် လာမည့်ရာသီ အပြာရောင်ကို ၀တ်ဆင်မည်ဟု ပြောဆိုထားဖူးရာ မန်စီးတီးက အလေးသာမည်ဟု ယူဆစရာ ဖြစ်ခဲ့ရသည်။ မန်ယူအသင်း အမှုဆောင်ချုပ် ဒေးဗစ်ဂီးလ်က မိမိတို့ အသင်းသည် မန်စီးတီးကို ဈေးကွက်အတွင်း မယှဉ်နိုင်ဟု ၀န်ခံထားသော်လည်း ဟာဇက် ကိစ္စတွင်မူ ကလပ်အသင်း နှစ်ခု အပြိုင် ကြိုးပမ်းဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com