ဗီယက်နမ် နိုင်ငံသည် နိုင်ငံပိုင် ဒုတိယမြောက် ဆက်သွယ်ရေး ဂြိုဟ်တုကို မေလ ၁၆ ရက်နေ့တွင် ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်မည် ဖြစ်ကြောင်း Dan Tri သတင်းမီဒီယာ ဖော်ပြချက် အရသိရသည်။
အမေရိကန်ဒေါ်လာ သန်း ၃၀ဝ တန်ကြေးရှိ Vinasat - 2 ဂြိုဟ်တုသည် ၁၅ နှစ်သက်တမ်း ရှိမည်ဖြစ်ကြောင်း၊ ယင်း ဂြိုဟ်တု၏ ဝန်ဆောင်မှုများကို အရှေ့တောင် အာရှဒေသနှင့် ဗီယက်နမ်၏ အိမ်နီးချင်းနိုင်ငံများ ရယူနိုင်မည် ဖြစ်ကြောင်း၊ ယင်းဂြိုဟ်တုသည် ဥရောပပိုင် Arianespace ကုမ္ပဏီ၏ လွှတ် တင်မှု အစီအစဉ်ဖြင့် ပြင်သစ် ဂူအီယာနာ ကျွန်းရှိ Kourou လွှတ်တင်ရေး စခန်းမှ ဂျပန်နိုင်ငံ၏ JCSAT-13 ဂြိုဟ်တုနှင့် အတူ ကမ္ဘာပတ်လမ်းအတွင်း ရောက်ရှိသွားမည်ဖြစ်ကြောင်း ဗီယက်နမ် စာတိုက်များနှင့် ဆက်သွယ်ရေးအုပ်စု (VNPT) မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆိုသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀ဝ၈ ခုနှစ် ဧပြီလအတွင်းက Vinasat-1အတွင်းရှိ ပထမဆုံးနိုင်ငံပိုင် ဆက်သွယ်ရေး ဂြိုဟ်တုကို လွှတ်တင်ထားပြီးဖြစ်သည်။ ဗီယက်နမ် နိုင်ငံသည် အာကာသ သိပ္ပံ နည်းပညာနှင့် ဂြိုဟ်တု ဆက်သွယ်ရေး လုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း၊ ယင်းနယ်ပယ်ကဏ္ဍများ အတွက် ထိုက်သင့်သည့် ဘဏ္ဍာငွေများ သုံးစွဲသွားမည် ဖြစ်ကြောင်း၊ Vinasat-1 ဂြိုဟ်တု သည် အရှေ့ တောင်အာရှဒေသ၊ အိန္ဒိယနှင့် ဟာဝိုင်အီတို့ကို လွှမ်းခြုံ ဝန်ဆောင်မှု ပေးနေဆဲ ဖြစ်ကြောင်း VNPT မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ထပ်လောင်းပြောကြားသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် ဆက်သွယ်ရေးဂြိုဟ်တု အသစ်များ ထပ်မံလွှတ်တင် နိုင်ရန်လည်း စီမံပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com