ချယ်လ်ဆီး အနေဖြင့် ဘိုင်ယန်မြူးနစ်ကို အနိုင်ရကာ ချန်ပီယံလိဂ် သရဖူကို ဆွတ်ခူးနိုင်ရန် မျှော်လင့်ခွင့် မရှိနိုင်ကြောင်း မိုက်ကယ် ဘောလက်က ပြောကြားခဲ့သည်။
ချယ်လ်ဆီးရော၊ ဘိုင်ယန်တွင်ပါ ကစားခဲ့ဖူးသည့် ဂျာမန် လက်ရွေးစင်ဟောင်း ကွင်းလယ် ကစားသမားက အင်္ဂလန် ကလပ်သည် ဂျာမန် ထိပ်သီးကို ကျော်ဖြတ်နိုင်မည့် လမ်းမမြင်ဟု ဆိုသည်။ အထူးသဖြင့် ဘိုင်ယန်အသင်း၏ အိမ်ကွင်း Allianz တွင် ဗိုလ်လုပွဲကို ကစားခွင့် ရထားခြင်းကြောင့် ချယ်လ်ဆီး အနေဖြင့် ရလဒ်ကောင်းကို မည်သို့မျှ မျှော်လင့်ခွင့် မရှိနိုင်ကြောင်းလည်း ဘောလက်က ထောက်ပြခဲ့သည်။ ရောဘတ်တို ဒီမက်တီယိုသည် ချယ်လ်ဆီးကို ဦးဆောင်မှုကောင်း ပေးနေသော်လည်း ဘိုင်ယန်ကွင်းတွင် ၎င်းအတွက် အောင်ပွဲပုစ္ဆာ အတွက် အဖြေမရှိဟု ဘောလက်က ယုံကြည်လျှက်ရှိသည်။
ဘေယာလေဗာကူဆင် အသင်းတွင် လက်ရှိ ကစားနေသည့် ဘောလက်က “ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်မှာ ပြိုင်ဘက်ရဲ့ အိမ်ကွင်းကို လာကစားရရင်တောင် အနိုင်ကစားပြတတ်တာ ဘာစီလိုနာ တစ်သင်းလောက်ပဲ ရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဗိုလ်လုပွဲကို အိမ်ကွင်းမှာ ကစားရတိုင်း အရမ်း ကြီးမားတဲ့ အားသာချက် တစ်ခု ဖြစ်သွားတတ်ပါတယ်။ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကလည်း ပိုကောင်းလာတယ်။ ချယ်လ်ဆီးဟာ တက်ကြွ ထက်သန်နေတဲ့ အသင်းတစ်ခုပါ။ ဒါပေမဲ့ ဘိုင်ယန်ရဲ့ အားသာချက်ကို ချယ်လ်ဆီးက ဒီအခြေအနေလောက်မှာ ယှဉ်ဖို့တော့ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးဟာ တက်ကြွထက်သန်နေတဲ့ အသင်းတစ်ခုပါ။ ဒါပေမဲ့ ဘိုင်ယန်ရဲ့ အားသာချက်ကို ချယ်လ်ဆီးက ဒီအခြေအနေလောက်မှာ ယှဉ်ဖို့တော့ မဖြစ်နိုင်ပါဘူး...
၎င်းက ဗိုလ်လုပွဲတွင် မည်သည့် အသင်းကို အားပေးမည်ဟု အစွဲ မထားကြောင်းလည်း ဆိုသည်။ “ကျွန်တော်က ကြားလူပါ။ နှစ်သင်းလုံးဘက်မှာ ကျွန်တော် ရှိနေမယ်” ဟု ဘောလက်က ပြောဆိုသွားသည်။
Ref: The Sun
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com