22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

အာဏာပိုင်တွေရဲ့ မတရားမှုတွေကို စာရေးတိုင်တန်းခဲ့လို့ ထောင်ချခံခဲ့ရတဲ့ဦးမြတ်ဆွေ

အာဏာပိုင်တွေရဲ့ မတရားမှုတွေကို စာရေးတိုင်တန်းခဲ့လို့ ထောင်ချခံခဲ့ရတဲ့ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်က ဦးမြတ်ဆွေက သူဟာ မတရား ပြစ်ဒဏ်ကျခံရတဲ့အပြင် ချမှတ်တဲ့ ပြစ်ဒဏ်ရက်ထက်လည်း ပိုပြီး အကျဉ်းချခံခဲ့ရတယ်လို့ ပြောပါတယ်၊

ဒေသတွင်
းက တရားမဝင် သစ်စက်တွေလုပ်ကိုင်နေမှု၊ အလွဲသုံးစား လုပ်မှုတွေကို သတင်းဌာနတွေကို တိုင်ကြားခဲ့တဲ့အတွက် သူ့ကို
အာဏာပိုင်တွေက တာဝန်ဝတ္တရား နှောင့်ယှက်မှု အပါအဝင် ပုဒ်မ ၃၅၃၊ ၁၈၆၊ ၁၈၉၊ ၅၀၆၊ စတဲ့ ပုဒ်မ (၅) ခုနဲ့ ၂၀၁၀ ခုနှစ်မှာ စတင်
တရားစွဲဆိုခဲ့တာ ဖြစ်ပြီး၊ မနှစ်က စက်တင်ဘာလ (၂၀) ရက်နေ့မှာတော့
ထောင်ဒဏ် (၁) နှစ်ချမှတ်ခဲ့ပါတယ်။

အယူခံတင်သွင်းခဲ့ရာမှာ ကျောက်ဆည်ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်၊ အဲဒီနောက် မန္တလေးတိုင်း တရားရုံးက ဒီနှစ် မတ်လ (၂၉) ရက်နေ့မှာ
ပြင်ဆင်ချက်နဲ့ ပြစ်ဒဏ် (၃) လ လျှော့ပေါ့ပေးခဲ့ပေမယ့် မေလဆန်းမှာမှ လွတ်မြောက်လာပါတယ်။

ပြစ်ဒဏ်လျှော့ပေါ့တဲ့ ပြင်ဆင်ချက်စာကို ထောင်အဆင့်ဆင့်ပေးပို့ရာမှာ လနဲ့ချီ ကြာမြင့်ခဲ့ပြီး အပြင်က မိသားစုဝင်များက လိုက်လံ စုံစမ်းမှသာ လွှတ်မြောက်လာခဲ့ကြောင်း ဦးမြတ်ဆွေက အခုလိုပြောပါတယ်။

“ပြစ်ဒဏ်လျှော့ပေါ့လိုက်တော့ ကျနော်အဲဒီကတည်းက လွတ်ရမှာ မလွတ်ဘဲနဲ့ ကျနော်တို့ မန္တလေးတိုင်းက ထွက်တဲ့စာ ကျောက်ဆည်ရောက်၊
ကျောက်ဆည်ကနေပြီးတော့မှ တံတားဦးကို ဘယ်လောက်ကြာလဲဆိုတော့ မတ်လ (၂၉)ရက်နေ့ကဟာက ဧပြီ(၂၃)ရက်နေ့မှ တံတားဦးကို စာဝင်တယ်ခင်ဗျ၊ တံတားဦးကနေပြီးတော့မှ ၂၅ ရက်လောက်မှ နေပြီးတော့ မန္တလေး အကျဉ်းထောင်ကို စာပို့လိုက်တာ မန္တလေးအကျဉ်းထောင်ကို စာကမရောက်ဘူး၊ မရောက်တဲ့ အခါကြ ကျနော်တို့ မိသားစုနဲ့ မြို့နယ် NLD ကနေလိုက်တော့မှ မေလ(၇)ရက်နေ့မှ ညနေ(၅:၃၀)မှ လွှတ်ပေး လိုက်တယ်ခင်ဗျ”

သူ့ရဲ့ အမှုနဲ့ အလားတူ မတရားအပြစ်ရှာ ထောင်ချခံရသူတွေကို
ထောင်ထဲမှာ တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

“ဝမ်းတွင်းမြို့နယ်မှာ ကျနော့်လိုပဲ (၃)ယောက်ဗျ။ အမှန်တရားတွေကို
တိုင်လို့လေ ဒီလူတွေ ထောင်ချခံရတယ်၊ သူတို့ကတော့ (၁)လဗျ”

အိုးဘိုထောင်အတွင်းမှာ သူထောင်ကျနေစဉ်အတွင်း ပုဒ်မ(၃၅)နဲ့ ဖမ်းဆီးလာမှုတွေ ရှိကြောင်း၊ ဒီအထဲမှာ အပြစ်မဲ့သူတွေလည်း ပါလာကြောင်း၊ ငွေမပေးနိုင်သူတွေကို ရောက်ရောက်ခြင်း ခြေချင်းခတ်ပြီး အလုပ်ကြမ်းစေခိုင်းမှုတွေ မြင်တွေ့ခဲ့ရကြောင်းလည်း ပြောဆိုပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )