သောက်သုံးရေ ရှားပါးနေတဲ့ ရန်ကုန်တောင်ပိုင်း သုံးခွမြို့နယ်ကို
စေတနာ့ဝန်ထမ်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ အဖွဲ့က သွားရောက်
ကူညီနေရာမှာ ဒီကနေ့မှာတော့ သုံးခွမြို့နယ် ဇောတိကရွာမှာ တတိယမြောက် စက်ရေတွင်းကို အောင်မြင်စွာတူးဖေါ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သုံးခွမြို့နယ်တဝိုက်က ရွာတွေဟာ ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ကျေးရွာတွေ
ဖြစ်တာကြောင့် စက်ရေတွင်းတူးရာမှာ ရေငံသာထွက်ပြီးရေချိုထွက်ဖို့
ခက်ခဲကြောင်း ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ရေချိုထွက်တဲ့
ပထမဦးဆုံး စက်ရေတွင်းကို မိကျောင်းကန်ရွာမှာ တူးဖေါ်နိုင်ခဲ့ကြောင်း ၊ အဲဒီ အနီးအနားက ညောင်လေးပင်ရွာမှာ တူးတဲ့ ဒုတိယ စက်ရေတွင်း ကတော့ ရေငံစိမ့်ဝင်နေလို့ ဆက်တူးနေကြောင်း ၊ အခုတော့ ဇောတိကရွာ ကတွင်းမှာ ရေချိုရရှိပြီဖြစ်ကြောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်က RFA ကို ပြောပါတယ်။
ဒါ့အပြင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ဟာ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့တွေ့ဆုံပြီး ရန်ကုန်တိုင်း
ဒလမြို့နယ်အတွင်း သောက်သုံးရေရရှိရေးအတွက် မကြာခင်မှာ လုပ်ဆောင်သွားဖို့ ရှိကြောင်း သိရပါတယ်။
အခုလို သောက်သုံးရေရရှိရေး ဆောင်ရွက်နိုင်ဖို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့
အဖွဲ့ကို စင်္ကာပူ မလေးရှား ဂျပန် အမေရိကန်နိုင်ငံတွေမှာ ရှိကြတဲ့
စေတနာရှင်မြန်မာနိုင်ငံသားတွေက ငွေကြေးပေးပို့လှူဒါန်းနေပြီး
သူတို့ရဲ့လုပ်ငန်းတွေကို ကျပ်သိန်း (၈၀) နဲ့ စတင်ခဲ့ကြောင်း သိရပါတယ်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com