နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် မေလ ၁၁ ရက်နေ့နံနက်တွင် ပြုလုပ်သော အစည်းအဝေးမြင်ကွင်း
(ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ တစ်ဆင့်တက်ကြိုးပမ်း လုပ်ဆောင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် မေလ ၁၁ ရက်နေ့ နံနက်တွင် ပြုလုပ်သော အစည်းအဝေးတွင် မိန့်ကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။
ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၏ အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲ လုပ်ဆောင်မှုများကို ရှေးကနှင့် မတူဘဲ စိတ်ဓာတ်အရ လည်းကောင်း၊ လူထုဆက်ဆံရေးအရ လည်းကောင်း၊ ပြည်သူ့အကျိုးစီးပွားအတွက် ပြည်သူများကို မိမိတို့၏မိဘသဖွယ် တိုးတက်အောင် ကူညီစောင့်ရှောက်ရေးနှင့် ပြည်သူမလိုလားသော လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများ၊ ဆက်ဆံရေး မပြေပြစ်မှုများကို ရှောင်ရှားကြရေးအတွက် အဓိက ဦးစားပေး ပြောင်းလဲလာအောင် ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြ စေလိုကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရာတွင် လူတစ်စုမျက်နှာကို မကြည့်ဘဲ ပြည်သူအများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မှုအတွက် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း သတ်မှတ်ချက်များ နှင့်အညီ ကြိုးပမ်းဆောင်ရွက် သွားကြခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အလေ့အကျင့်များ တိုးတက်ဖြစ်ထွန်းလာရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတ(၂)ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



1:59 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com