မိမိ၏ အပြောင်းအရွှေ့ ကိစ္စကို လျင်လျင်မြန်မြန် မပြီးသတ်ပါက ခါးသီးသော မြို့ခံပြိုင်ဘက် အာဆင်နယ်ကို ရွေးချယ်ကောင်း ရွေးချယ်ရလိမ့်မည်ဟု တော့တင်ဟမ် ဟော့စပါးအား ဂျန်ဗာတိုဂန်က သတိပေး ပြောကြားလိုက်သည်။
အာဆင်နယ်ရော၊ စပါးကပါ အပြိုင်ချိတ်ဆက်ခြင်းကို ခံခဲ့ရသော အေဂျက်စ် အမ်စတာဒမ် ခံစစ်မှူးသည် စပါးနှင့် အပြီးသတ် အပြောင်းအရွှေ့ ကိစ္စကို ဆွေးနွေးနေသော်လည်း အောင်မြင်မှု မရသေးဘဲ ဖြစ်နေသည်။ ဘယ်လ်ဂျီယံ လက်ရွေးစင်အတွက် အေဂျက်စ်က တောင်းဆိုသည့် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၃)သန်းကို စပါးမန်နေဂျာ ဟယ်ရီရက်နပ်က ငြင်းဆိုထားပြီးနောက် ပေါင်စတာလင် (၁၀)သန်းအောက်သာ ပေးချေမည်ဟု အကြောင်းပြန်ထားရာ ယင်းကို ညှိနှိုင်းမရဘဲ ဖြစ်နေသည်။
နယ်သာလန် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုရှင် ဗာတိုဂန်က "ကျွန်တော် စပါးကို အကြိမ်ကြိမ်လည်း ပြောပြီးပါပြီ။ စပါးဟာ ကျွန်တော့်အတွက် ဦးစားပေး ရွေးချယ်တဲ့ အသင်းပါ။ ဒါပေမဲ့ ဆွေးနွေးမှုတွေ တိုးတက်မလာဘူး ဆိုရင်တော့ ကျွန်တော် တစ်ခုခု စဉ်းစားရမှာပဲ။ ကျွန်တော် စပါးရဲ့ အရေးပါသူ အားလုံးနဲ့ တွေ့ပြီးပါပြီ။ တစ်ဖက်မှာ အာဆင်နယ်ကလည်း ကျွန်တော့်ကို လိုချင်နေပါတယ်။ အေဂျက်စ်ကတော့ ပေါင်စတာလင် (၁၃)သန်း ပေးမယ့်သူဆီ ကျွန်တော့်ကို ရောင်းမှာပဲ"ဟု ပြောကြားခဲ့သည်။
အသက်(၂၅)နှစ်ရှိ ဗာတိုဂန်သည် အေဂျက်စ်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး ယခုနွေရာသီတွင် အသင်းမှ သေချာပေါက် ထွက်ခွာရန် ဆုံးဖြတ်ထားသည်။
Ref: The Sun
ကျွန်တော် စပါးကို အကြိမ်ကြိမ်လည်း ပြောပြီးပါပြီ။ စပါးဟာ ကျွန်တော့်အတွက် ဦးစားပေး ရွေးချယ်တဲ့ အသင်းပါ။ ဒါပေမဲ့ ဆွေးနွေးမှုတွေ တိုးတက်မလာဘူး ဆိုရင်တော့ ကျွန်တော် တစ်ခုခု စဉ်းစားရမှာပဲ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com