မေး -လတ်တလော အနုပညာလှုပ်ရှားမှုက ?
ဖြေ - ဒီရက်ပိုင်းတော့ ပုလဲ သင်္ကြန်သီချင်းလေးတစ်ပုဒ်ဆိုထားပါတယ် ဆိုထားတဲ့ သင်္ကြန်သီချင်းလေးကိုရိုက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်မင်းပြားမှာ အလိုတော်ပြည့်ဆရာတော် ဘုရားရဲ့ ဆရာအရင်းပါ သူ့ရဲ့ ဇာပန အလှူမှာ သီချင်းသွားဆိုခဲ့ပါတယ်။ နောက် ကိုခန့်ရယ် ကိုနေမျိုးအောင်ရယ် မေကဗျာရယ်ပါ ၊ ဒီရက်ပိုင်းကတော့ မဂ္ဂဇင်းတွေအတွက် ဓါတ်ပုံရိုက်ရှိပါတယ်။ ပြီးတော် VCD ရိုက်ဖို့ရှိပါတယ်။
မေး - ဟုတ်ကဲ့ သီင်္ကြန်အတွက် ဆိုထားတဲ့ သီချင်းလေးက ....?
ဖြေ - ဟုတ်သီချင်းကတော့ ကိုရီးယားသီချင်းလေးပါပဲ ... သင်္ကြန်အတွက်ဆိုတော့ အမြူးလေးပေါ့ ... ဆုရွန်းလဲ့နဲ့တွဲဆိုထားတာပါ။
မေး - မပုလဲ အနုပညာအလုပ်တွေအပြင်နောက်ထပ် ဘာတွေလုပ်ဖို့ရှိသေးလဲ?
ဖြေ - မရှိပါဘူး ပုလဲ ဒီအနုပညာအလုပ်တွေပဲ လုပ်ဖြစ်မှာပါ... ဒီအနုပညာအလုပ်ကတော့ ပုလဲအမြဲတမ်းလုပ်နေတဲ့ အလုပ်တစ်ခုပါ အဲ့တော့ ဒီအလုပ်ကိုပဲ ဆက်လုပ်ဖြစ်သွားဦးမှာပါ ...
မေး - မပုလဲ ပရဟိတလုပ်ငန်းတွေမှာကောပါဝင်လုပ်ဆောင်ဖြစ်လား?
ဖြေ - ပရဟိတလုပ်ငန်းကတော့ ကြုံရင်ကြုံသလိုပေါ့နော် ကိုယ့်ရှေ့မှာတွေ့ရင်လည်းကူညီလိုက်တယ် ကိုယ့်ကိုအကူညီတောင်းလာတဲ့လုပ်ငန်းလေးတွေ ကိုယ်နိုင်သလောက်လေးတော့ အမြဲတမ်းကူညီခဲ့ပါတယ်။
မေး - မပုလဲကူညီခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလောက်ပြောပြပေးပါဦး ...?
ဖြေ - ပုလဲ အမြဲတမ်းလိုလို လှူဖြစ်တာကတော့ မိဘမဲ့ဂေဟာ တွေဘိုးဘွားရိပ်သာတို့ မှာ လှူဖြစ်တာများပါတယ် အဖွဲ့အစည်းနဲ့တော့သီးသန့်မရှိပါဘူး ... ကိုယ့်ကိုအကူညီတောင်းလာလို့ ကူညီပေးခဲ့တာတွေပါ...။
မေး - မပုလဲတစ်ခါတလေကိုယ့်ကိုကိုယ်အားမရဖြစ်မိတာမျိုးရှိလား?
ဖြေ - လူတိုင်းမှာတော့ အားနည်းချက်ကိုယ်စီရှိကြပါတယ် ....
မေး - မပုလဲ သရုပ်ဆောင်ခဲ့တဲ့ ကာရိုက်တာတွေထဲမှာ မပုလဲကို ဘယ်လိုကာရိုက်လေးနဲ့ကပိုလိုက်တယ်လို့ ပရိသတ်တွေဆီကကြားမိပါသလဲ?
ဖြေ - ပုလဲကတော့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ အတွက်ကြောင့် ကာရိုက်တာပေါင်းစုံသရုပ်ဆောင်ချင်ပါတယ်။ ပြီးတော့ ကိုယ်လုပ်တဲ့ ကာရိုက်တာ ပေါ်မှုတည်ပြီးတော့လည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားပါတယ်။ အဲအတွက်လည်းကိုယ်ကြိုးစားရင်ကြိုးစားသလောက်ပရိသတ်ကြီး ကလည်း သူတို့ကြိုတဲ့ ကာရိုက်လေးတွေကိုဝေဖန်ပေးကြပါတယ်။
မေး -မပုလဲရဲ့ မြန်မာ့ရိုးရာ သင်္ကြန်အပေါ် အမြင်လေးကိုပြောပြပေးပါဦး?
ဖြေ - သင်္ကြန်ကတော့ လူငယ်တိုင်းပျော်ကြပါတယ် ... ပုလဲကြိုက်တဲ့ ပုံစံလေးဆိုရင် သင်္ကြန်မှာ မဏ္ဍပ်နဲ့ရေပတ်ရတာကိုကြိုက်တယ် အပျော်အရွှင်ပတ်တာကိုကြိုက်ပါတယ်။ မှူးရစ်သောက်စားတာနည်းနည်းလျှောပြီး တစ်ယောက်နဲ့ တစ်ယောက် မောင်နှမအရင်းအချာတွေလို လူငယ်ဘ၀ပျော်ပျော်ရွှင်ရွှင်ပတ်ကြတာကိုကြိုက်ပါတယ်။ ဟိုး .... ရှေ့ခေတ်ကသပြေခတ်နဲ့ ရေပတ်တဲ့ပုံစံလေးကိုလည်းကြိုက်ပါတယ်။ မပုလဲဒီနှစ် သင်္ကြန်မှာတော့ ဘယ်မှာရှိမယ် မပြောတတ်သေးပါဘူး မဏ္ဍပ်ထိုင်ဖြစ်မှာတော့ မဟုတ်ဘူး ... သီချင်းပဲဆိုဖြစ်ဖို့များပါတယ် ...။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com