22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 23, 2012

မိမိ၏ တိုက်စစ် တာဝန်ကို တောရက်စ်က ဆက်လက် ထမ်းဆောင်နိုင်မည်ဟု ဒရော့ဂ်ဘာဆို

ချယ်လ်ဆီးတွင် မိမိ ထမ်းဆောင်ခဲ့သော တိုက်စစ် တာဝန်များကို ဖာနန်ဒို တောရက်စ်က ဆက်လက် ခံယူလိမ့်မည်ဟု ဒီဒီရာ ဒရော့ဂ်ဘာက ပြောကြားလိုက်သည်။


ယခုအခါ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးနေပြီဖြစ်သော အိုင်ဗရီကို့စ် လက်ရွေးစင်က စတမ်းဖို့ဒ် ဘရစ်ဂ်ျအား ကျောခိုင်း စွန့်ခွာမည့် အကြံအစည်အား ဖွင့်ဟ ပြောဆိုလာခြင်း ဖြစ်သည်။ ဒရော့ဂ်ဘာသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီက အကယ်၍သာ ချယ်လ်ဆီးအသင်း ဥရောပ ချန်ပီယံ မဖြစ်ခဲ့လျှင် အသင်းနှင့် သက်တမ်းတိုး စာချုပ်မည်ဟု ပြောဆိုခဲ့ဖူးသည်။ ယခုအခါ ချယ်လ်ဆီးသည် ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက် နိုင်ခဲ့သည့်နောက် ဒရော့ဂ်ဘာသည် အသင်းကို သူရဲကောင်း တစ်ဦးအဖြစ် အနိုင်နှင့် ပိုင်းကာ စွန့်ခွာဖွယ် ရှိနေသည်။
ချယ်လ်ဆီး၏ တိုက်စစ်နှစ်ဦး

ဒရော့ဂ်ဘာက "ချယ်လ်ဆီးက ကျွန်တော် အသင်းမှာ ဆက်နေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ (၈)နှစ် အတွင်းမှာ အသင်းနဲ့ အတူ အောင်မြင်မှု တချို့ ရရှိအောင် ကျွန်တော် လုပ်ပေးခဲ့ပြီးပြီလို့ ခံစားရပါတယ်။ နောက် ဘာဖြစ်မလဲ ဆိုတာကတော့ ကြည့်ရပါမယ်။ ကျွန်တော် အသင်းပိုင်ရှင်ကို ဒီအကြောင်းတွေ ပြောပြတယ်။ သူကလည်း ကျွန်တော့် ခံစားချက်ကို နားလည်ပါတယ်။ ကျွန်တော့် ကိုယ်ထဲမှာ အပြာရောင် သွေးတွေ အမြဲတမ်း စီးဆင်း နေမှာပါ။ ကျွန်တော်ဟာ ထာဝရ ချယ်လ်ဆီး ကစားသမား ဖြစ်နေမှာပါ" ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးဟာ တောရက်စ်ကို ပိုင်ဆိုင် ထားပြီးပါပြီ။ သူက ရှေ့ဆက်ပြီး အသင်းအတွက် ကြိုးစား ပေးပါလိမ့်မယ်။ တောရက်စ်ဟာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်း ခဲ့ရဖူးတယ်။ ဒါပေမဲ့ ကျွန်တော့်တုန်းကလည်း အထိုင်ကျဖို့ (၃)နှစ်လောက် အချိန် ယူခဲ့ရတာပါ...
၎င်းက ချယ်လ်ဆီးတွင် တောရက်စ်သည် အထင်ကရ တိုက်စစ်မှူး ဖြစ်လာမည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ စပိန် လက်ရွေးစင် တောရက်စ်နှင့် ပတ်သက်ပြီး ဒရော့ဂ်ဘာက "ခုချိန်မှာ ခေတ်သစ် တစ်ခုကို မျှော်လင့် ရပါတော့မယ်။ ချယ်လ်ဆီးဟာ တောရက်စ်ကို ပိုင်ဆိုင် ထားပြီးပါပြီ။ သူက ရှေ့ဆက်ပြီး အသင်းအတွက် ကြိုးစား ပေးပါလိမ့်မယ်။ တောရက်စ်ဟာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်း ခဲ့ရဖူးတယ်။ ဒါပေမဲ့ ကျွန်တော့်တုန်းကလည်း အထိုင်ကျဖို့ (၃)နှစ်လောက် အချိန် ယူခဲ့ရတာပါ။ ဒီမှာ ကစားဖို့က မလွယ်လှပါဘူး။ ဘာပဲဖြစ်ဖြစ် တောရက်စ်က အကောင်းဆုံးတွေ လုပ်ပြနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ကောက်ချက်ချ ပြောဆိုသွားသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )