22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 23, 2012

ဘန်တနာကို ခေါ်ယူရန် ဒေါ့တ်မန်အသင်း စိတ်ဝင်စားနေ

ဂျာမန် နှစ်ထပ်ကွမ်း ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန် အသင်းသည် အာဆင်နယ် တိုက်စစ်မှူး နစ်ကလက်စ် ဘန်တနာကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

အာဆင်နယ်သည် ယခုရာသီတွင် အသင်းမှ ပိုလျှံ ကစားသမားများကို ရောင်းထုတ်ကာ လုပ်ခလစာ ပေးချေရမှု ကဏ္ဍကို လျှော့ချရန် ကြိုးစားလျှက် ရှိနေရာ ဒိန်းမတ် လက်ရွေးစင် ဘန်တနာသည် အမ်းမရိတ်စ်မှ သေချာပေါက် ထွက်ခွာရဖွယ် ရှိနေသည်။ ၎င်းသည် ယခု တစ်ရာသီလုံး ဆန်းဒါးလန်းသို့ အငှားသွားရောက် ကစား ခဲ့ရသည်။ ရုရှားကလပ် ဇင်းနစ် စိန့်ပီတာစဘာ့ဂ်သည် လက်ရှိ အငှား ခေါ်ယူထားသည့် တောင်ပံလူ အင်ဒရီ အက်ရှ်ဗင်ကို အပြီး ၀ယ်ယူရန် အာဆင်နယ်နှင့် ဆွေးနွေးနေပြီ ဖြစ်သည်။ ယခုအခါ ဂျာမနီ၏ အမှတ်ပေးနှင့် ရှုံးထွက် ချန်ပီယံ ဒေါ့တ်မန်က ဘန်တနာကို စိတ်ဝင်စားမှု ပြသ လာခဲ့သည်။
ဆန်းဒါးလန်းတွင် အငှားကစားနေသည့် ဘန်တနာ

ဒေါ့တ်မန်သည် ဆန်းဒါးလန်းတွင် ဘန်တနာ၏ ခြေစွမ်းကို တစ်ရာသီလုံး စောင့်ကြည့် လေ့လာ နေခဲ့ပြီး ဖြစ်သည်။ အာဆင်နယ်သည် အသင်းမှ မလိုအပ်သော ကစားသမားများကို ရောင်းထုတ်ရန် ရည်ရွယ်ပြီး ဖြစ်ရာ အက်စ်ပန်ညိုသို့ အငှား ချထားသည့် မက္ကစီကို တောင်ပံ တိုက်စစ်သမား ကားလို့စ်ဗီလာအား ရီးယဲလ်ဆိုစီဒက်က စိတ်ဝင်စား နေမှုကို ကြိုဆိုဖွယ် ရှိနေသည်။ ထို့အပြင် ဘော်လ်တန်သို့ အငှားသွား ကစားသူ ရွိုင်မီယိုင်ချီ အသင်းသို့ ပြန်ရောက် လာပြီဖြစ်ရာ ဗီလာ၏ အာဆင်နယ် အနာဂတ်မှာ ပြီးဆုံးရန် သေချာနေပြီ ဖြစ်သည်။

အာဆင်နယ်သည် ယခုရာသီတွင် အသင်းမှ ပိုလျှံ ကစားသမားများကို ရောင်းထုတ်ကာ လုပ်ခလစာ ပေးချေရမှု ကဏ္ဍကို လျှော့ချရန် ကြိုးစားလျှက် ရှိနေရာ ဒိန်းမတ် လက်ရွေးစင် ဘန်တနာသည် အမ်းမရိတ်စ်မှ သေချာပေါက် ထွက်ခွာရဖွယ် ရှိနေ...
အာဆင်နယ်သည် နောက်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် စပိန် ဂိုးသမား မန်နျူရယ်လ် အယ်လ်မူနီယာကို လက်လွှတ်မည် ဖြစ်သလို အသင်း၏ ဒုတိယ ဂိုးသမား လူးကက်စ် ဖေဘီယန်စကီးသည်လည်း အာဆင်နယ်မှ ထွက်ခွာရန် ပြင်ဆင်နေသည်။ ထိုနှစ်ဦးလုံးကို တန်းတက် ၀က်စ်ဟမ်း ယူနိုက်တက်က အလို ရှိနေကြောင်း သိရှိရသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )