22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 23, 2012

ဥရောပ ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းတွင် ဖာဒီနန် မပါဝင်ခြင်းကို ရော်နယ်လ်ဒို အံ့ဩနေ

ရီယိုဖာဒီနန်အား (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလား ပြိုင်ပွဲဝင် အင်္ဂလန် လူစာရင်းမှ ချန်လှပ်ခဲ့သည့် အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်၏ လုပ်ရပ် အပေါ် နားမလည် နိုင်ကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားလိုက်သည်။

ပေါ်တူဂီ လက်ရွေးစင် တောင်ပံ တိုက်စစ်သမားက မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘ၀တွင် အတူတွဲဖက် ကစား ခဲ့ဖူးသော ဖာဒီနန်သည် အင်္ဂလန် လက်ရွေးစင် အသင်းနှင့် ထိုက်တန်ဆဲဟု ယုံကြည်နေသည်။ ရီးယဲလ်မက်ဒရစ် အသင်းတွင် အကောင်းဆုံး ခြေစွမ်း ပြသလျှက် ရှိသည့် ရော်နယ်လ်ဒိုက ဟော့ဂ်ဆန်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဗဟို ခံစစ်သမား တစ်ဦးအဖြစ် ရပ်တည်နေဆဲ ကစားသမား တစ်ဦးကို စွန့်ပယ် ခဲ့မိပြီဟု မှတ်ချက် ပြုခဲ့သည်။ အသက်(၃၃)နှစ်ရှိ ဖာဒီနန်အား ကြံ့ခိုင်မှု အကြောင်းပြချက်ဖြင့် ဟော့ဂ်ဆန်က (၂၃)ဦး စာရင်းမှ ချန်လှပ် ထားခဲ့သည်။


ဟော့ဂ်ဆန်သည် ဖာဒီနန်နှင့် ပုဂ္ဂိုလ်ရေး ပြဿနာ ရှိနေသော ဂျွန်တယ်ရီကို ရွေးချယ်လိုသဖြင့် ဖာဒီနန်ကို ချန်လှပ် ခဲ့ခြင်းဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ ရော်နယ်လ်ဒိုက "ဖာဒီနန်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်သမား တစ်ယောက်ပါ။ ပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး နောက်ခံလူ တစ်ယောက်လည်း ဖြစ်နေတုန်းပါပဲ။ ဘာကြောင့် သူက လက်ရွေးစင် အသင်းမှာ မပါလဲဆိုတာ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ဘူး" ဟု ပြောဆိုခဲ့သည်။ ရော်နယ်လ်ဒိုက "မန်နေဂျာက သူ့အကြောင်းပြချက်နဲ့ သူတော့ ရှိနိုင်တယ်။ ဒါကို လေးစားဖို့တော့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ရီယိုကို ခင်တယ်လေ။ ရိုးရိုးသားသား ပြောရရင် သူ့ကို လက်ရွေးစင် အသင်းမှာ ပါစေချင်တယ်။ သူဟာ ထူးချွန်တဲ့ ကစားသမားတစ်ယောက်၊ အကောင်းဆုံး လူပုဂ္ဂိုလ် တစ်ယောက်ပါ။ သူဟာ အင်္ဂလန်ကို အကောင်းဆုံး ကူညီနိုင်မယ့်သူ ဖြစ်တာကြောင့် လက်ရွေးစင် အသင်းမှာ ပါသင့်ပါတယ်။ သူဟာ အင်္ဂလန်ကို ဥရောပ ချန်ပီယံ ဖြစ်တဲ့အထိ ကူညီကောင်း ကူညီနိုင်မယ့် သူမျိုးပါ" ဟုလည်း မှတ်ချက် ပြုသွားသည်။
Ref: The Sun
ဖာဒီနန်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်သမား တစ်ယောက်ပါ။ ပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး နောက်ခံလူ တစ်ယောက်လည်း ဖြစ်နေတုန်းပါပဲ။ ဘာကြောင့် သူက လက်ရွေးစင် အသင်းမှာ မပါလဲဆိုတာ ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ဘူး...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )