22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 23, 2012

ဘီနာယောင်၏ အနာဂတ်ကို အာဆင်နယ် ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ရန် ချယ်လ်ဆီး လိုလားနေ

ချယ်လ်ဆီး အသင်းသည် အာဆင်နယ်အား ယိုဆေးဘီနာယောင်၏ အနာဂတ်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ရန် သတိပေး အကြောင်း ကြားလိုက်သည်။

အာဆင်နယ်သည် အစ္စရေး လက်ရွေးစင် ကွင်းလယ်လူအား အငှား ခေါ်ယူထားပြီးနောက် ချယ်လ်ဆီးက ကစားသမား၏ အနာဂတ်ကို ဆုံးဖြတ်ရန် လန်ဒန်မြို့ခံ ပြိုင်ဘက်အား တောင်းဆိုလိုက်သည်။ ဘီနာယောင်သည် ချယ်လ်ဆီးမှ အာဆင်နယ်သို့ တစ်ရာသီလုံး အငှားသွားကစားပြီးနောက် အသင်း၏ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် ရရှိနိုင်ရေး အတွက် တစ်ထောင့် တစ်နေရာမှ ကူညီ ပေးခဲ့သည်။ ၎င်းသည် အာဆင်နယ် အသင်းတွင် (၂၅)ပွဲ ကစားကာ (၆)ဂိုး သွင်းယူနိုင်ခဲ့သည်။

ယခုအခါ ချယ်လ်ဆီးက အသက်(၃၂)နှစ်ရှိ ကစားသမား၏ အနာဂတ်အတွက် အာဆင်နယ်က အဖြေပေးရန် ဆန္ဒရှိလာခဲ့သည်။ ဘီနာယောင်သည် အာဆင်နယ်၏ နောက်ဆုံး(၃)ပွဲတွင် ပွဲထွက်ပါဝင်ကာ (၂)ဂိုး သွင်းယူပေးခဲ့သည်။ လတ်တလောတွင် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ဘီနာယောင်ကို အပြီးသတ် ခေါ်ယူရန် ဆုံးဖြတ်ထားခြင်း မရှိသေးဟု သတင်းများက ဆိုသည်။ ဘီနာယောင်သည် ပြီးခဲ့သည့် နွေရာသီက အသင်းဟောင်း လီဗာပူးလ်၏ ဆက်သွယ်မှုကို ခံခဲ့ ရသေးသော်လည်း အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့သည်။
Ref: Daily Mail
ဘီနာယောင်သည် ချယ်လ်ဆီးမှ အာဆင်နယ်သို့ တစ်ရာသီလုံး အငှား သွားကစားပြီးနောက် အသင်း၏ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် ရရှိနိုင်ရေး အတွက် တစ်ထောင့် တစ်နေရာမှ ကူညီပေးခဲ့..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )