22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 23, 2012

အနာဂတ်ကို (၁၀)ရက်အတွင်း ဆုံးဖြတ်မည့် ဟာဇက်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မေလ (၁၉)ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များ အစည်းအဝေးတွင် အိမ်ကွင်းလက်ခံ ကျင်းပနိုင်ခြင်း မရှိသေးသည့် အသင်းများအား မိမိတို့၏ အိမ်ကွင်းများ အမြန်ဆုံး တည်ဆောက်၊ လက်ခံကျင်းပနိုင်ရန် တိုက်တွန်း ပြောကြားမှု ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် နေရှင်နယ်လိဂ် ကလပ်အသင်း (၁၄)သင်း၌ ရန်ကုန်၊ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ၊ နေပြည်တော် အစရှိသည့် အသင်းများသာ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပလျက် ရှိကာ ကျန် (၉)သင်းမှာ ကျင်းပနိုင်ခြင်း မရှိသေးပေ။ အိမ်ကွင်းလက်ခံ ကျင်းပနိုင်ရန် အနီးစပ်ဆုံး အနေအထားတွင် ရှိနေသည့် ဟံသာဝတီ ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက် အသင်း တာဝန်ရှိသူများအား ဦးဇော်ဇော်က ပိုမိုအားစိုက် ကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကာ အခြားကလပ်အသင်း များမှ တာဝန်ရှိသူများကိုလည်း ၂၀၁၃ ဘောလုံး ရာသီတွင် အိမ်ကွင်းပွဲများ စတင် လက်ခံနိုင်ရန် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းခဲ့သည်။

ထို့အတူ ကလပ်အသင်းများ ၀င်ငွေ ပုံမှန်ရရှိရေး၊ ကလပ်အသင်း အုပ်ချုပ်သူများ အရည်အသွေး ပိုမို မြင့်မားလာစေရေး၊ နည်းပြနှင့် ကစားသမားများအား စာချုပ်များ ချုပ်ဆိုရာတွင် တတ်ကျွမ်းသည့် ဥပဒေ အကြံပေးများနှင့် တိုင်ပင်ကာ သေချာချုပ်ဆိုကြရန်နှင့် ကစားသမားများအား စာချုပ်အပေါ် ပိုမို အလေးအနက် ထားလာစေရန် ကြိုးပမ်းကြရေး စသဖြင့် တိုက်တွန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )