ထောင်ကျနေသော သီရိလင်္ကာ စစ်ဦးစီးချုပ်ဟောင်း ဆာရတ်ဖွန်ဆီကာကို ပြန်လွှတ်ပေးရန် သမ္မတမဟိန္ဒြာ ရာဇာပက်ဆာက ညွှန်ကြားခဲ့ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် Bandula Jayasekera က မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဖွန်ဆီကာသည် ၂၀၁၀ ပြည့် နှစ်၊ ဇန်န၀ါရီလက ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲတွင် သမ္မတနှင့် ပြိုင်ဘက်ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲအပြီး နှစ်ပတ်အကြာ၌ အဖမ်းခံခဲ့ရသည်။ ဖွန်ဆီကာကိုပြန်လွှတ်ပေးရန် ညွှန်ကြား သည့် စာရွက်စာတမ်းများအား ရာဇာပက်ဆာက မေလ ၁၈ ရက်ည နေပိုင်းတွင် လက်မှတ်ထိုးခဲ့ကြောင်း Jayasekera က ပြောကြားခဲ့သည်။ စာရွက်စာတမ်းများကို တရားရေးဌာနသို့ မေလ ၂၁ ရက်တွင် ပေးပို့သွား မည်ဖြစ်ပြီး ယင်းနေ့၌ ဖွန်ဆီကာ လွတ်မြောက်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုလံဘို အထက်တရားရုံးက မေလ ၁၈ ရက်တွင် ဖွန်ဆီကာကို အာမခံငွေ ရူပီးတစ်သန်း (အမေရိ ကန်ဒေါ်လာ ၈၀၀၀) ဖြင့် ခွင့်ပြုခဲ့ပြီး တစ်ရက်အကြာ၌ သမ္မတ၏ ညွှန်ကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဖွန်ဆီကာ၏ ဇနီးဖြစ်သူ အန်နိုမာက သမ္မတနှင့် မေလ ၁၆ ရက် တွင် တွေ့ဆုံခဲ့ပြီး ဖွန်ဆီကာအား မည်သည့်အခြေအနေနှင့် လွှတ်ပေးမည်ကို ဆွေးနွေးခဲ့ရာ စွဲချက်အားလုံးမှ ကင်းလွတ်ခွင့်ရပြီး ခြွင်းချက်မရှိ လွှတ်ပေးမည်ဟု သမ္မတကကမ်းလှမ်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖွန်ဆီကာသည် ၂၀၀၉ ခုနှစ်၊ မေလတွင် တမီလ်ကျားသူပုန်များကို နှိမ်နင်းနိုင်ခဲ့သည့် ပြည်တွင်းစစ်၌ ဦးဆောင်ခဲ့သူများအနက် တစ်ဦးဖြစ်ခဲ့သည်။
ဖွန်ဆီကာသည် ၂၀၀၉ ခုနှစ်၊ မေလတွင် တမီလ်ကျားသူပုန်များကို နှိမ်နင်းနိုင်ခဲ့သည့် ပြည်တွင်းစစ်၌ ဦးဆောင်ခဲ့သူများအနက် တစ်ဦးဖြစ်ခဲ့သည်။
ဖွန်ဆီကာသည် စစ်တပ်မှ ဘက်ပြောင်းသူများကို ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံရကာ ထောင်ဒဏ်ချ မှတ်ခံရခြင်းဖြစ်ကြောင်း သူ၏ရှေ့နေ Saliya Peiris က ပြောကြားခဲ့သည်။
သမ္မတရွေးကောက်ပွဲအပြီး နှစ်ပတ်အကြာတွင် ဖွန်ဆီကာသည် ခြစားမှုစွဲချက်ဖြင့် ထိန်းသိမ်းခံရပြီး ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ၌ ထောင်ဒဏ်လ ၃၀ ကျခံရန် ပြစ်ဒဏ်ချမှတ်ခံရသည်။ လက်နက်ချသော တမီလ်ကျားသူပုန်များကိုသတ်ရန် သမ္မတ၏အစ်ကိုဖြစ်သူ Gotabhaya Rajapakse က အမိန့်ပေးခဲ့သည်ဟု ပြောကြားခဲ့ခြင်းကြောင့် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရသည်။

Ref:AFP
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com