အီတလီနိုင်ငံတောင်ပိုင်း၊ Brindisi မြို့ရှိ ကျောင်းတစ်ကျောင်း၏ အပြင်ဘက်တွင် မေလ ၁၉ ရက်က ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၁၆ နှစ်ရှိ ကျောင်းသူတစ်ဦးသေဆုံးခဲ့ပြီး လူရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။
ဒဏ်ရာရသူများအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူ ဖေဘီယာနိုအမာတီက Sky TG24 သတင်းကွန်ရက်သို့ ပြောကြားခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကျောင်းသားများစွာ မြေပြင်ပေါ်သို့ လဲကျခဲ့ကြောင်း ယင်းကျောင်းဒါရိုက်တာ Valeria Vitale က နေ့စဉ်ထုတ် သတင်းစာ La Repubblica သို့ ပြောကြားခဲ့သည်။

Francesca Morvillo Falcone ကျောင်းရှေ့တွင် နံနက် ၇ နာရီ ၄၅ မိနစ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျောင်းအနီးရှိ ကွန်တိန်နာတစ်လုံးတွင် ဗုံးထောင်ထားခဲ့ဖွယ်ရှိသည်ဟု လုံခြုံရေးများက ကနဦး၌ ခန့်မှန်းခဲ့သည်။ သို့သော် ကျောင်းရှေ့တွင် ထားသွားဖွယ်ရှိသော ကျောပိုး အိတ်များထဲ၌ ဖောက်ခွဲရေးပစ္စည်းများ ပါဖွယ်ရှိသည်ဟု La Repubblica က ဖော်ပြခဲ့သည်။
Ref:AFP
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com