ပုဂံညောင်ဦးဒေသတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ကမ္ဘာလှည့်ခရီးသွား သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ရှေးဦးပြေးဆွဲခြင်းကို မေလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ပုဂံညောင်ဦးလေဆိပ်တွင် အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဌေးအောင် တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။ လက်ရှိအခြေအနေ၌ တစ်နိုင်ငံလုံးတွင် ခရီးသွားလုပ်ငန်း အခြေအနေမှာ တိုးတက် ကောင်းမွန်လျက်ရှိကြောင်း၊ ရန်ကုန်လေဆိပ်မှ ဧည့်သည်များ ၀င်ရောက်မှုတွင် ၂၀၁၂ ခုနှစ်သည် ၂၀၁၁ ခုနှစ်တုန်းက အခြေအနေနှင့် နှိုင်းယှဉ်ပါက ၃၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ၂၀၁၁ ခုနှစ်သည် ၂၀၁၀ ပြည့်နှစ်ထက် ၂၅/၂၆ ရာခိုင်နှုန်း တိုးတက်လာရာ ယခုနှစ်သည် ၁၀ ရာခိုင်နှုန်း ပိုမို တိုးတက်လာခြင်းဖြစ်ကြောင်း၊ ဒုဝန်ကြီးက အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပုဂံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးရည်ရွယ်၍ ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ ဖိတ်ကြားထားသူများ၊ ဧည့်လမ်းညွှန်များ တက်ရောက်ခဲ့ကြောင်း၊ MTT မှ ပုဂံဒေသတွင် ပြေးဆွဲသွားမည့် ကမ္ဘာလှည့်ခရီးသွား တင်ဆောင်ကားများကိုလည်း ပြသထားကြောင်း သိရသည်။ လေဆိပ်တွင် လက်ရှိပြေးဆွဲနေသော ဒေသခံများ၏ စင်းလုံးငှား ယာဉ်ငယ်အသင်းတွင် ကားအစီးရေ ငါးဆယ်ရှိကြောင်း သိရပြီး၊ ယခုအချိန်ကဲ့သို့ ဧည့် ပါးချိန်တွင် အငှားယာဉ် သုံးဆယ့်ငါးစီးမျှ နေ့စဉ် လာရောက် မဲနှိုက်၍ ခရီးသည်ပို့ဆောင်ခြင်း လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ လေဆိပ် အငှားယာဉ်ငယ် အသင်းသည် FIT များကိုသာ အဓိကအားထား ပြေးဆွဲရခြင်းဖြစ်သည်။ MTTသည် ညောင်ဦးမြို့တွင်း ကမ္ဘာလှည့်ခရီးသွားများအတွက် Information ကောင်တာတစ်ခုကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com