အာဆင်နယ် အသင်းသည် တူးလော့စ်မှ ကွင်းလယ် ကစားသမား အီတနီ ကာပူအီအား ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
ရိန်းစ်အသင်းမှ ယန်းမားဗီးလားကို ခေါ်ယူရန် ဆွေးနွေးမှုများ အဆင်မပြေ ဖြစ်လာသည့်နောက် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အသက်(၂၃)နှစ်ရှိ ကာပူအီထံ ပစ်မှတ် ပြောင်းလာခြင်း ဖြစ်သည်။ The Sun သတင်းစာက ၀င်းဂါးသည် မားဗီးလား ကဲ့သို့ပင် ကွင်းလယ် ခံစစ်၌ မာမာထန်ထန် ကစားတတ်သူ ကာပူအီကို အနီးကပ် လေ့လာမှုများ ပြုလုပ်နေကြောင်း ဖော်ပြခဲ့သည်။ အာဆင်နယ်သည် မားဗီးလားအတွက် ကြိုးစား ခဲ့သော်လည်း ရိန်းစ်က တောင်းဆိုသည့် ပေါင်စတာလင် (၂၂.၅)သန်းကို ပေးချေလိုခြင်း မရှိသဖြင့် ဆွေးနွေးမှု အဆင် မပြေခဲ့ချေ။

တူးလော့စ်မှ ကွင်းလယ် ကစားသမား အီတနီ ကာပူအီ
ကာပူအီမှာမူ မားဗီးလား၏ ပေါက်ဈေး ထက်ဝက်အောက်ဖြင့် ၀ယ်ယူနိုင်မည့် အနေအထားမျိုး ရှိနေသည်။ ၎င်းသည် ယခုရာသီ တူးလော့စ် အသင်းတွင် အထင်ကြီးလောက်ဖွယ် ခြေစွမ်းမျိုးကိုလည်း ပြသနိုင်ခဲ့သည်။ လက်ရှိတွင် ကာပူအီအား အင်တာမီလန်နှင့် အက်သလက်တီကို မက်ဒရစ် အသင်းများကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေသည်။ မားဗီးလားသည် အာဆင်နယ်နှင့် ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့သည့်နောက် မန်ချက်စတာ စီးတီး၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်းကို ခံနေရကြောင်းလည်း သိရှိရသည်။
Ref: The Sun
ယန်းမားဗီးလားကို ခေါ်ယူရန် ဆွေးနွေးမှုများ အဆင်မပြေ ဖြစ်လာသည့်နောက် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အသက်(၂၃)နှစ်ရှိ ကာပူအီထံ ပစ်မှတ် ပြောင်းလာ..



6:45 PM
Admin
Posted in: 


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com