မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရှင်ဂျီကာဂါဝါ အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၁၆)သန်းထိ တိုးမြှင့် ကမ်းလှမ်းရန် အသင့် ရှိနေပြီဟု သိရှိရသည်။
မန်ယူ အသင်းက ဂျပန် လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင် အတွက် ပေါင်စတာလင် (၁၃)သန်းတန် ကမ်းလှမ်းမှုကို ဂျာမန် ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန်က ပယ်ချခဲ့သည့်နောက် ဒုတိယ အကျော့ ကမ်းလှမ်းမှုအတွက် အင်္ဂလန်ကလပ်က စီစဉ်ပြီးဖြစ်သည်။ မန်ယူသည် အခြားပစ်မှတ် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သော အီဒင်ဟာဇက်ကို လက်လွတ်ခဲ့သည့်နောက် အသက်(၂၃)နှစ်ရှိ ကာဂါဝါကို ဖိဖိစီးစီး ချိတ်ဆက်ဖွယ် ရှိနေသည်။ ကာဂါဝါသည် ဒေါ့တ်မန်နှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး နွေရာသီတွင် အသင်းမှ သေချာပေါက် ထွက်ခွာရန် ဆုံးဖြတ်ထားသည်။
မန်ယူသည် အခြားပစ်မှတ် ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သော အီဒင်ဟာဇက်ကို လက်လွတ်ခဲ့သည့်နောက် အသက်(၂၃)နှစ်ရှိ ကာဂါဝါကို ဖိဖိစီးစီး ချိတ်ဆက်ဖွယ် ရှိနေ...
TalkSport က မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ယခုအခါ ဒေါ့တ်မန်က အလိုရှိနေသည့်အတိုင်း ကာဂါဝါ အတွက် ပေါင်စတာလင် (၁၆)သန်းထိ ဈေးနှုန်းမြှင့်တင် ပေးချေသွားရန် လိုလားနေကြောင်း ဖော်ပြခဲ့သည်။ ဒေါ့တ်မန်သည် အသင်း၏ အတောက်ပဆုံး တက်သစ်စ ပါရမီရှင် ကစားသမား တစ်ဦးအား လက်လွတ်ရန် ဆန္ဒ မရှိသော်လည်း စာချုပ် အနေအထားကြောင့် မန်ယူ၏ ကမ်းလှမ်းမှုကို လက်ခံရမည် ဖြစ်သည်။ မန်ယူသည် ဘောလုံးရာသီ မကုန်ဆုံးမီကတည်းက ကာဂါဝါကို ရရှိရန် ချိတ်ဆက်နေခဲ့ပြီး အသင်း၏ ယိုယွင်းနေသော ကွင်းလယ်ကို အားဖြည့်ရန် ကြိုးစား နေခဲ့သည်။
Ref: Examiner
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com