တော့တင်ဟမ် ဟော့စပါး အသင်း မန်နေဂျာ ဟယ်ရီရက်နပ်သည် ဘော်လ်တန် အသင်း၏ ရီးဘော့ခ် ကွင်းသို့ အလည်အပတ် ရောက်ရှိလာသည့် တပည့်ဟောင်း ဖာဘရီစီ မူအမ်ဘာအား နှုတ်ဆက်ခဲ့သည်။
စိတ်လှုပ်ရှားဖွယ်ရာ တွေ့ဆုံမှုတွင် ရက်နပ်သည် မူအမ်ဘာကို နောက်တစ်ကြိမ် တွေ့ရတော့မည် မဟုတ်ဟုပင် တစ်ချိန်က တွေးနေမိခဲ့ကြောင်း ဖွင့်ဟ ၀န်ခံခဲ့သည်။ မူအမ်ဘာသည် လွန်ခဲ့သည့် တစ်လခွဲက FAဖလား ပွဲစဉ်အဖြစ် စပါးနှင့် ဘော်လ်တန်တို့ ယှဉ်ပြိုင် ကစားစဉ် နှလုံး အလုပ်လုပ်ပုံ ဖောက်ပြန် ရပ်ဆိုင်းသွားပြီး ကွင်းအတွင်း လဲကျသွားသည်။ ယခုအခါတွင်မူ ၎င်းသည် အခြေအနေ အပြည့်အ၀ တည်ငြိမ် ကောင်းမွန်နေပြီးနောက် ရီးဘော့ခ်သို့ ထိုကိစ္စ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လာခဲ့သည်။
ရက်နပ်က “သူ့ကို ပြန်တွေ့ရတာ သိပ်ကျေနပ်ဖို့ ကောင်းပါတယ်။ မူအမ်ဘာကို ပြုံးပြုံးရွှင်ရွှင် တွေ့ရတာ၊ မသေမပျောက် မြင်ရတာ ကျွန်တော် သိပ်ပျော်ပါတယ်။ တကယ့် အံ့ဩစရာ အခြေအနေပဲ။ ကျွန်တော်တို့ အားလုံးဟာ သူဘာဖြစ်သွားတယ် ဆိုတာကို မမေ့သေးပါဘူး။ အဲဒီတုန်းက မူအမ်ဘာကို အသက်ရှင်လျှက် ထပ်တွေ့ရမယ်လို့ တွေးခဲ့ပါတယ်လို့ ကျွန်တော်ပြောရင် ဒါဟာ ညာတာပါပဲ။ မူအမ်ဘာ ဒုက္ခရောက်တဲ့ ညတုန်းက ဆေးဝန်ထမ်းတွေကတော့ လုပ်နိုင်စွမ်း ရှိတာထက်ကို ပိုပြီး ကြိုးစားခဲ့ကြပါတယ်။ ဒီည မူအမ်ဘာကို ပြုံးပြုံးရွှင်ရွှင် မြင်ရတာ ကြည်နူးစရာ သိပ်ကောင်းပါတယ်” ဟု ပြောကြားသွားသည်။
ကျွန်တော်တို့ အားလုံးဟာ သူဘာဖြစ်သွားတယ် ဆိုတာကို မမေ့သေးပါဘူး။ အဲဒီတုန်းက မူအမ်ဘာကို အသက်ရှင်လျှက် ထပ်တွေ့ရမယ်လို့ တွေးခဲ့ပါတယ်လို့ ကျွန်တော်ပြောရင် ဒါဟာ ညာတာပါပဲ...
မူအမ်ဘာ လာရောက် လည်ပတ်မှုကို ရီးဘော့ခ်ကွင်းမှ ပရိသတ်များကလည်း လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ မူအမ်ဘာ၏ ချစ်သူမှာ ပွဲကြည့်စင်တွင် အပျော် မျက်ရည်များ ကျနေသည်ကိုလည်း မြင်တွေ့ရသည်။ ဘော်လ်တန်နှင့် စပါးတို့သည် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရီးဘော့ခ်တွင် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါပွဲတွင် ဧည့်သည် စပါးက (၁-၄)ဖြင့် အနိုင် ရရှိသွားသည်။
Ref: Daily Mail
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com