တာလီဘန်တို့နှင့် ငြိမ်းချမ်းရေးယူနိုင်ရန် စေ့စပ်ညှိနှိုင်းနေသော အာဖဂန် ငြိမ်းချမ်းရေးကောင်စီမှ အကြီးတန်း အဖွဲ့ဝင်တစ်ဦးသည် ကဘူးလ်မြို့တွင် မေလ ၁၃ ရက် နံနက်ပိုင်းက သေနတ်သမားများ၏ ပစ်သတ်ခြင်း ခံခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တာလီဘန် အစိုးရလက်ထက် ၀န်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့သော Maulvi Arsala Rahmani အသတ်ခံခဲ့ရသဖြင့် သမ္မတဟာမစ်ကာဇိုင်းအတွက် အဓိက ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။ Rahmani သည် တာလီဘန် တပ်မှူးများနှင့် ဆက်သွယ်ပြောဆိုနိုင်သူများအနက် တစ်ဦးအပါအ၀င် ဖြစ်သည်။
အလုပ်သွားရန် ကားဖြင့်ထွက်လာစဉ် Rahmani ကို မည်သူမည်ဝါ မသိရသော သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ သေနတ်သမားများသည် အဖြူရောင် တိုယိုတာကော်ရိုလာတွင် လိုက်ပါလာပြီး အသံတိတ်ပြောင်းတပ်ကာ တစ်ချက်တည်းဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ကလည်း သူ့ကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများရှိခဲ့ပြီး ယခုကဲ့သို့ လက်နက်ကိုင် ကိုယ်ရံတော် မပါဘဲ သွားလာနေမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
Rahmani မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပထမဆုံးပူးပေါင်းခဲ့သော တာလီဘန်အကြီးတန်း အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအသတ်ခံရခြင်းကြောင့် အခြားတာလီဘန် တာဝန်ရှိသူများအတွက် စိုးရိမ်စရာဖြစ်ခဲ့သည်ဟု ကာဇိုင်း၏ အကြီးတန်းလက်ထောက်တစ်ဦးက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးကောင်စီက ဘက်ဂရမ်နှင့် အာဖဂန်ရှိအခြားထောင်များရှိ တာလီဘန်အကျဉ်းသားများကို ပြန်လွှတ်ပေးရန် စဉ်းစားပေးမှုတွင် Rahmani က တွန်းအားပေးခဲ့သည်။
Rahmani မှာ တာလီဘန်အစိုးရလက်ထက်တွင် အဆင့်မြင့်ပညာရေးဝန်ကြီးအဖြစ် ငါးနှစ်ခန့် ထမ်းဆောင်ခဲ့ဖူးပြီး တာလီဘန်အစိုးရ မပေါ်ပေါက်မီ ၁၉၉၀ ပြည့်နှစ်ခန့်ကပင် အစိုးရအဖွဲ့များ၌ ပါဝင်ခဲ့သည်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com