22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 31, 2012

မာတီနက်ဇ် ၀ီဂန်တွင် ဆက်ရှိ နေမည်ဟု ၀ီဂန် ဥက္ကဋ္ဌ အတည်ပြု

မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်သည် အသင်းတွင်ပင် ဆက်ရှိမည်ဟု ၀ီဂန်အသင်း ဥက္ကဋ္ဌ ဒေ့ဗ်ဝှီလန်က အတည်ပြု ပြောကြားလိုက်သည်။

စပိန်သား မန်နေဂျာ မာတီနက်ဇ်သည် လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် အတွက် လီဗာပူးလ် အသင်း ပိုင်ရှင်များနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း အဆုံးသတ်တွင် ငြင်းဆန်ခဲ့သည်။ ထို့အပြင် ၀ှီလန်က ၀ီဂန်အသင်း အတွက် မာတီနက်ဇ် အလိုကျ အင်အား ဖြည့်တင်းမှုများ ပြုလုပ် ပေးမည်ဟု ကတိ ခံခဲ့သောကြောင့် အသက်(၃၈)နှစ်ရှိ မာတီနက်ဇ်သည် အသင်းတွင်ပင် ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၀ှီလန်က ၀ီဂန်အသင်း ပရိသတ်များ ကျေနပ် ပျော်ရွှင်စေမည့် သတင်းကို ESPN နှင့် အင်တာဗျူးတွင် အတည်ပြု ပြောဆိုသွားသည်။


"မာတီနက်ဇ် အသင်းမှာ ကျွန်တော်တို့နဲ့ အတူ ဆက်ရှိပါမယ်။ တစ်ဖက်ကလည်း သူတောင်းဆိုတဲ့ လူငယ် ဖွံ့ဖြိုးရေး စီမံကိန်းတွေရယ်၊ လေ့ကျင့်ရေး အစီအစဉ်တွေရယ်မှာ ငွေကြေး သုံးစွဲပေးပါ ဆိုတာကို ကျွန်တော် လက်ခံခဲ့တယ်" ဟု ၀ှီလန်က ပြောကြားသွားသည်။ မာတီနက်ဇ်သည် အက်စ်တန်ဗီလာ၏ စိတ်ဝင်စားခြင်းကိုလည်း ခံခဲ့ရသေးသည့်တိုင် အသင်း မပြောင်းတော့ဟု သိရသည်။ ၀ှီလန်က "ကျွန်တော် လောလောဆယ် ရုံတွင်း ဘောလုံးကွင်း တစ်ခု ဆောက်ဖို့လည်း စီစဉ်နေတယ်။ အဲဒါ ပေါင်စတာလင် တစ်သန်းခွဲလောက် ကုန်မှာပါ။ မာတီနက်ဇ်ဟာ အသင်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး သိပ်ကို အာရုံစိုက်ထားတယ်။ အသင်းကို နောက်ထပ် ကစားသမားသစ် သုံးလေးယောက်လောက် ခေါ်ပေးပါ့မယ်လို့လည်း ကျွန်တော် သူ့ကို အာမခံလိုက်ပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

မာတီနက်ဇ်ဟာ အသင်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး သိပ်ကို အာရုံစိုက်ထားတယ်။ အသင်းကို နောက်ထပ် ကစားသမားသစ် သုံးလေးယောက်လောက် ခေါ်ပေးပါ့မယ်လို့လည်း ကျွန်တော် သူ့ကို အာမခံလိုက်ပါတယ်...
လီဗာပူးလ် အသင်းမှာမူ မာတီနက်ဇ်နှင့် ဆွေးနွေးမှု အဆင် မပြေသည့်နောက် ဆွမ်ဆီးအသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာကို ချိတ်ဆက်လျှက် ရှိပြီး ရော့ဂျာသည်လည်း အသင်းမှ ထွက်ခွာရန် စဉ်းစားဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Ref:Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )