22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 31, 2012

လူကာ မိုဒရစ်အား ခေါ်ယူရန် မန်ယူ စီစဉ်နေ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရှင်ဂျီ ကာဂါဝါကို ခေါ်ယူရေး အတွက် အပြီးသတ် လုပ်ဆောင် နေပြီးနောက် လူကာမိုဒရစ်ကို ခေါ်ယူရန် စတင် လုပ်ဆောင်လာကြောင်း သိရသည်။
ပေါင်စတာလင် (၁၇)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဘိုရပ်ရှားဒေါ့တ်မန် အသင်းမှ ဂျပန် လက်ရွေးစင်အား ခေါ်ယူရန် နီးစပ် နေသည့်နောက် မန်ယူသည် စပါး အသင်း၏ မိုဒရစ်ထံပါ ဦးလှည့်လာခြင်း ဖြစ်သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ခရိုအေးရှား လက်ရွေးစင် မိုဒရစ်ကို ကာလရှည်ကြာ စောင့်ကြည့် နေခဲ့သူ ဖြစ်သည်။ ဒေါ့တ်မန် အသင်း၏ အမှုဆောင်ချုပ် ဟန်းစ်ဂျိုအာချင်မ် ၀က်ဇ်ကီက ကာဂါဝါ အတွက် မန်ယူနှင့် နောက်ဆုံးအဆင့် ညှိနှိုင်း မှုများ ပြုလုပ်နေကြောင်း ၀န်ခံထားသည်။


အသက်(၂၆)နှစ်ရှိ မိုဒရစ်မှာ စပါး၏ အဓိက Playmaker ဖြစ်ပြီး ပရီးမီးယားလိဂ်၏ အကောင်းဆုံး စာရင်းဝင် ကွင်းလယ် ဖန်တီးရှင် တစ်ဦးအဖြစ် သတ်မှတ် ခံထားရသည်။ မိုဒရစ် အတွက် စပါးက အနည်းဆုံး ပေါင်စတာလင် (၃၅)သန်းမျှ တောင်းဆိုဖွယ် ရှိနေသော်လည်း ဘယ်နောက်ခံလူ တစ်ဦး ၀ယ်ယူရန် ရည်ရွယ်ထားသော မန်ယူကမူ ပြောင်းရွှေ့ကြေးနှင့် ပတ်သက်၍ စီစစ်နိုင်ရန် ကြိုးပမ်းဖွယ် ရှိနေသည်။ မန်ယူသည် ခရူဝီ အလက်ဇန္ဒား အသင်းမှ လူငယ် ကွင်းလယ် ကစားသမား နစ်ခ်ပါဝဲလ်အား အပြီးသတ် စာချုပ်ရန်လည်း ညှိနှိုင်းလျှက် ရှိနေသည်။
ဆာအဲလက်စ် ဖာဂူဆန်သည် ခရိုအေးရှား လက်ရွေးစင် မိုဒရစ်ကို ကာလရှည်ကြာ စောင့်ကြည့်နေခဲ့သူ ဖြစ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )