22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 31, 2012

ရှနိုက်ဒါအား ပေါင်စတာလင် သန်း(၃၀)ဖြင့် ကမ်းလှမ်းရန် မန်စီးတီး ရည်ရွယ်

မန်ချက်စတာ စီးတီး အသင်းသည် ၀က်စ်လေရှနိုက်ဒါအား ပေါင်စတာလင် သန်း(၃၀) ၀န်းကျင်ဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် နွေရာသီက ချိတ်ဆက်မှု မအောင်မြင်ခဲ့သည့် နယ်သာလန် လက်ရွေးစင် အတွက် အင်တာမီလန် အသင်းသို့ နောက်တစ်ကြိမ် ဆက်သွယ်ရန် ပရီးမီးယားလိဂ် ချန်ပီယံတို့က အသင့် အနေအထား ရှိနေသည်။ အီဒင်ဟာဇက်ကို ခေါ်ယူရန် ကြိုးပမ်းမှု ရှုံးနိမ့် ခဲ့သည့်နောက် မန်စီးတီးသည် ကမ္ဘာ့အဆင့် ကစားသမားသစ် တစ်ဦးကို ကမ်းလှမ်းရန် ပြင်ဆင်နေရာ ရှနိုက်ဒါသည် ဦးစားပေး ပစ်မှတ် ဖြစ်လာကြောင်း အီတလီ သတင်း ဌာနများက ဖော်ပြခဲ့သည်။ မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် ဟာဇက်က ၎င်းတို့ အသင်းအား ငြင်းဆန်ကာ ပြိုင်ဘက် ချယ်လ်ဆီးကို ရွေးချယ်ခဲ့ခြင်း အတွက် စိတ်ပျက် နေပြီးနောက် ရှနိုက်ဒါထံ ဦးတည်လာခြင်း ဖြစ်သည်။
နယ်သာလန် လက်ရွေးစင် အသင်းဝတ်စုံဖြင့် ရှနိုက်ဒါ

အသက်(၂၇)နှစ်ရှိ ရှနိုက်ဒါသည် ပြီးခဲ့သော နွေရာသီက မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ဖြစ်မည်ဟု သတင်း ကြီးနေခဲ့သည်။ ၎င်းသည် ယခုရာသီ အင်တာအသင်း ဖြတ်သန်း ခဲ့ရသော ဘောလုံးရာသီအတွင်း တောက်လျှောက် ယိမ်းယိုင်ခဲ့မှုများ အတွက် မပျော်မရွှင် ဖြစ်နေကြောင်းလည်း သတင်းများက ဆိုသည်။ မန်ယူသည် ဇန်န၀ါရီလကလည်း ရှနိုက်ဒါ အတွက် အင်တာနှင့် ဆွေးနွေးမှု တစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ပြောင်းရွှေ့ကြေးကိစ္စ သဘော တူညီမှု မရရှိခဲ့ဟု သိရှိရသည်။
မန်နေဂျာ ရောဘတ်တို မန်စီနီသည် ဟာဇက်က ၎င်းတို့ အသင်းအား ငြင်းဆန်ကာ ပြိုင်ဘက် ချယ်လ်ဆီးကို ရွေးချယ်ခဲ့ခြင်း အတွက် စိတ်ပျက် နေပြီးနောက် ရှနိုက်ဒါထံ ဦးတည်လာ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )