ချယ်လ်ဆီး အသင်းတွင် ပွဲထွက်နေရာ ရရှိမည်ဟု ယုံကြည်ချက် အပြည့်အ၀ ရှိနေကြောင်း မာကိုမာရင်က ထုတ်ဖော် ပြောကြားလိုက်သည်။
ဝါဒါဘရီမင်မှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် သဘော တူညီမှု ရရှိထားပြီး ဖြစ်သော ဂျာမန် လက်ရွေးစင် ကွင်းလယ် ကစားသမားက မိမိသည် စတမ်းဖို့ဒ်ဘရစ်ဂ်ျ၏ ပွဲထွက် ကစားသမား နေရာကို ချက်ချင်း ရယူနိုင် မည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။ အသက်(၂၃)နှစ်သာ ရှိသေးသော မာရင်သည် တိုက်စစ်နှင့် ကွင်းလယ်ကြား ချိတ်ဆက် ပေးရသော ကစားသမား တစ်ဦးဖြစ်သည်။ သို့သော် အဆိုပါ နေရာတွင် မာရင်သည် အသစ် ရောက်ရှိလာမည့် အီဒင်ဟာဇက်၊ လက်ရှိ ခြေစွမ်း မှန်နေသော ဂျူအန်မာတာ၊ ဒန်နီရယ်လ် စတားရစ်ဂ်ျတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။
ပေါင်စတာလင် (၆.၅)သန်းဝန်းကျင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ချယ်လ်ဆီးသို့ ရောက်ရှိလာမည့် မာရင်သည် ဇူလိုင်လ (၁)ရက်နေ့၊ အပြောင်းအရွှေ့ဈေးကွက် ဖွင့်ချိန်တွင် အသင်း၏ ကစားသမား အဖြစ် တရားဝင် စာချုပ်မည်ဖြစ်သည်။ Spoxနှင့် အင်တာဗျူးတွင် မာရင်က "ကျွန်တော် ချယ်လ်ဆီး အတွက် ကစားပေးမှာ သေချာနေပါပြီ။ သူတို့က ကျွန်တော့်ကို လန်ဒန်ကို ခေါ်ယူခဲ့ပါတယ်။ ချယ်လ်ဆီးဟာ အသင်းကောင်း တစ်ခုပါ။ ချန်ပီယံလိဂ် ဆုဖလားကိုလည်း ရရှိထားပါတယ်။ အဲဒီအသင်းမှာ ကျွန်တော် ပွဲထွက်နေရာ ရရှိအောင် ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးဟာ အသင်းကောင်း တစ်ခုပါ။ ချန်ပီယံလိဂ် ဆုဖလားကိုလည်း ရရှိထားပါတယ်။ အဲဒီအသင်းမှာ ကျွန်တော် ပွဲထွက်နေရာ ရရှိအောင် ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ် ...
ယူဂိုဆလားဗီးယားတွင် မွေးဖွားခဲ့သော မာရင်သည် ဂျာမန် လက်ရွေးစင် အတွက် (၁၆)ပွဲ ကစား ပေးထားပြီး ဖြစ်သည်။ ၎င်းက တော့တင်ဟမ် ဟော့စပါးသည်လည်း မိမိကို ဆက်သွယ် ခဲ့ဖူးသေးကြောင်း အတည် ပြုခဲ့သည်။ "စပါးဆီက ကမ်းလှမ်းမှု တစ်ခုကို ကျွန်တော် လက်ခံ ရရှိခဲ့ပါတယ်။ သတင်းတွေမှာ ရေးနေတာ အမှန်ပါပဲ" ဟုလည်း ၎င်းက ပြောဆိုသွားသည်။
Ref: Goal
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com