22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 31, 2012

ပြန်လည် စခန်းသွင်းမည့် ယူ-၂၂ အသင်း (၂၆)ဦး လူစာရင်း ထုတ်ပြန် ~ ကစားသမား အပြောင်းအလဲများ ရှိခဲ့

 
တောင်ကိုရီးယားတွင် ၃ပတ်ကြာ ခြေစမ်းပွဲများ သွားရောက် ကစားခဲ့စဉ်က ယူ-၂၂ အသင်းတွင် ရွေးချယ်ခံခဲ့ရသည့် ကစားသမား အချို့သည် နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ယူ-၂၂ အသင်း၏ ပဏာမ လူစာရင်းတွင် ပါဝင်လာခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

စထက်နိုင်ဝင်း၊ မိုင်းအိုက်နိုင်၊ စိုးမြတ်သူ၊ ပြည့်ဖြိုးဦး၊ ဝေဖြိုးထက်၊ ၀ိုင်းချစ်အောင်၊ မင်းချစ်သူ၊ အောင်မြင့်ထွန်း၊ ရဲလင်းအောင် အစရှိသည့် ကစားသမား များမှာ လာမည့် ဇွန်လ ၅ရက်နေ့တွင် စခန်းသွင်း လေ့ကျင့်တော့မည့် အသင်းတွင် ရွေးချယ် ခံရခြင်း မရှိတော့ပေ။ ၎င်းတို့ နေရာတွင် ကြည်လင်း၊ ရန်အောင်ဝင်း၊ နိုင်ကိုလင်း၊ သက်ပိုင်ဦး၊ သန့်ဇင်ဝင်း၊ နန္ဒလင်းကျော်ချစ်၊ သီဟဇော်၊ ဟိန်းသီဟဇော်၊ ရဲဝင်းအောင်တို့ ပြန်လည် ပါဝင်လာခဲ့သည်။

နည်းပြအဖွဲ့တွင်မူ ပြီးခဲ့သည့် ရက်ပိုင်းက အဖွဲ့ချုပ်နှင့် စာချုပ်ချုပ်ဆိုခဲ့သည့် ဦးတင်မြင့်အောင်နှင့် ဦးဇော်ဝင်းထွန်းတို့မှာ နည်းပြအဖွဲ့ဝင်များ အဖြစ် ပါဝင်လာခဲ့သည်။ နည်းပြချုပ် ပတ်ဆောင်ဟွာမှာ ယမန်နေ့က ခွင့်ယူထားရာမှ ပြန်လည် ရောက်ရှိ လာခဲ့ကာ ဇွန်လ ၅ရက်နေ့တွင် လေ့ကျင့်ရေးများ ပြန်လည် စတင်မည် ဖြစ်သည်။

အဆိုပါ အသင်းသည် ဇွန်လ ၂၃ရက်နေ့တွင် စတင်မည့် ယူ-၂၂ အာရှဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး လာမည့် ဇွန်လ ၁၇ရက်နေ့တွင် ထိုင်းယူ-၂၂ အသင်း၊ ဇွန်လ ၁၉ရက်နေ့တွင် မော်လ်ဒိုက် ယူ-၂၂ အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်းလည်း ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်ခဲ့သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း

အုပ်ချုပ်/နည်းပြအဖွဲ့

ဦးစိုးမိုးကျော် (အသင်းမန်နေဂျာ)
မစ္စတာ ပက်ဆောင်ဟွာ (နည်းပြချုပ်)
ဦးတင်မြင့်အောင် (နည်းပြ)
မစ္စတာ ဟဟေဂျွန်(လက်ထောက်နည်းပြ)
ဦးအောင်အောင်ထွန်း (လက်ထောက်နည်းပြ)
ဦးဇော်ဝင်းထွန်း (လက်ထောက်နည်းပြ)
ဦးမျိုးချစ် (ဂိုးနည်းပြ)
ဦးဇော်မင်းထိုက် (မီဒီယာအရာရှိ)

ကစားသမားများ

ဂိုး - ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)

နောက်တန်း - သိန်းသန်းဝင်း (KBZ)၊ ရဲဇော်ထက်အောင်၊ ဟိန်းသီဟဇော်၊ ရဲဝင်းအောင် (ရတနာပုံ)၊ ဇော်မင်းထွန်း (မကွေး)၊ ညီညီအောင် (ဟံသာဝတီ)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ရန်အောင်ဝင်း (ရန်ကုန်)

အလယ်တန်း - သန့်ဇင်ဝင်း၊ နန္ဒကျော်၊ မျိုးဇော်ဦး (မကွေး)၊ နန္ဒလင်းကျော်ချစ်၊ နိုင်လင်းဦး၊ သီဟဇော် (ဧရာဝတီ)၊ ဇော်လင်း(နေပြည်တော်)၊ ဖြိုးကိုကိုသိန်း (ချင်း)၊ ကျော်ဇေယျာဝင်း (KBZ)၊ ကြည်လင်း (ရန်ကုန်)၊ သက်ပိုင်ဦး (ဇေယျာရွှေမြေ)၊

ရှေ့တန်း - နိုင်ကိုလင်း၊ ကျော်ကိုကို (ဇေယျာရွှေမြေ)၊ သက်နိုင် (ရတနာပုံ)၊ ကောင်းစည်သူ (ရန်ကုန်)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )