22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 21, 2012

ကာပယ်လိုအား မန်နေဂျာ ရာထူးအတွက် လီဗာပူးလ် အလိုရှိနေ

လီဗာပူးလ် အသင်းသည် မန်နေဂျာ ရာထူးအတွက် အင်္ဂလန် အသင်း မန်နေဂျာဟောင်း ဖေဘီယို ကာပယ်လိုအား ဆက်သွယ်နေကြောင်း သိရှိရသည်။

ကင်နီဒဲလ်ဂလစ်ရှ်အား ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် လစ်လပ်နေသော မန်နေဂျာ နေရာအတွက် လီဗာပူးလ်သည် လူရှာနေဆဲ ဖြစ်ပြီး အီတလီသား ကာပယ်လိုအား ဆွေးနွေးနိုင်ရန် စီစဉ်နေသည်။ ကာပယ်လိုသည် ချယ်လ်ဆီး မန်နေဂျာ ရာထူးအား စိတ်မ၀င်စားကြောင်း မကြာသေးမီကမှ ငြင်းပယ်ထားသူ ဖြစ်သည်။ ကာပယ်လိုသည် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ် ဗိုလ်စွဲစဉ် အချိန်က မြူးနစ်မြို့တွင် ကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့သည်။ ၎င်းသည် ဘောလုံးပွဲ မစတင်မီ တပည့်ဟောင်း ဖြစ်သော ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် စကား ပြောဆိုနေခဲ့သည်။


ယခုအခါ လီဗာပူးလ်သည် အန်းဖီးလ်၏ ဦးဆောင်သူ အသစ်အဖြစ် ကာပယ်လိုအား အဓိက ပစ်မှတ် ထားလာခဲ့သည်။ လီဗာပူးလ် အသင်းကို ပိုင်ဆိုင်သော Fenway Sports Groupသည် ကာပယ်လိုအား ခေါ်ယူရန် စိတ်ဝင်တစား ရှိနေသည်။ အင်တာမီလန် အသင်းသည်လည်း ကာပယ်လို၏ အနေအထားကို စောင့်ကြည့်လျှက် ရှိသည်။ ကာပယ်လိုသည် နိုင်ငံ လက်ရွေးစင် အသင်း တစ်ခုကို ကိုင်တွယ်ပြီးနောက် ကလပ် အသင်းများတွင် အောင်မြင်မှုများ ပြန်လည် ရှာဖွေလိုကြောင်း မိတ်ဆွေများအား ပြောကြားခဲ့သည်။ လီဗာပူးလ်သည် ၀ီဂန်မှ ရောဘတ်တို မာတီနက်ဇ်နှင့် မန်နေဂျာဟောင်း ရာဖေးလ် ဘင်နီတက်ဇ်တို့ကိုလည်း ချိတ်ဆက်နေဆဲဖြစ်သည်။
Ref: Crunch Sports
လီဗာပူးလ်သည် အန်းဖီးလ်၏ ဦးဆောင်သူ အသစ်အဖြစ် ကာပယ်လိုအား အဓိက ပစ်မှတ် ထားလာ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )