22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 21, 2012

ဆုဖလားများ လက်လွတ် ခဲ့သော်လည်း တန်ဖိုး အမြင့်ဆုံး ဘောလုံးအသင်း အမှတ် တံဆိပ်ကို မန်ယူ ပိုင်ဆိုင်ထားဆဲ

 
ယခုရာသီ အတွင်း အဓိက ဆုဖလားများ အားလုံးကို လက်လွတ် ခဲ့ရသော်လည်း မန်ချက်စတာ ယူနိုက်တက်သည် ကမ္ဘာပေါ်တွင် တန်ဖိုး အမြင့်မားဆုံး ဘောလုံးအသင်း အမှတ် တံဆိပ်ကို ဆက်လက် ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

(၂၀၁၂-၁၃) ဘောလုံး ရာသီတွင် အောင်မြင်မှုများ ကင်းကွာခဲ့သော်လည်း မန်ယူအသင်း၏ အမှတ်တံဆိပ် တန်ဖိုးသည် ပေါင်စတာလင် (၅၄၃)သန်း ရှိနေသည်။ ထို့ကြောင့် ဒုတိယ နေရာမှ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ထက် ပေါင်စတာလင် (၄၄)သန်း တန်ဖိုး မြင့်မားနေဆဲ ဖြစ်သည်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် ဘိုင်ယန်သည် ပေါင်စတာလင် (၄၉၉)သန်းတန် အမှတ် တံဆိပ်ကို ပိုင်ဆိုင်ထားသည်။ ချန်ပီယံ လိဂ်တွင် ဗိုလ်လုပွဲ မတက်နိုင်ခဲ့သော စပိန်နှစ်သင်းမှာမူ အဆင့် သတ်မှတ်ချက် အရ ဘိုင်ယန်နောက်သို့ အလိုလို ရောက်သွားသည်။

ရီးယဲလ် မက်ဒရစ် အသင်းသည် ပေါင်စတာလင် (၃၈၁)သန်းတန် အမှတ် တံဆိပ်ကို ပိုင်ဆိုင်ပြီး ဘိုင်ယန်အား ဒုတိယ နေရာမှ ဖယ်ပေးလိုက်ရသည်။ ဘာစီလိုနာ အသင်းမှာလည်း တတိယမှ စတုတ္ထသို့ ဆင်းသွားပြီး ၎င်း၏ အမှတ်တံဆိပ် တန်ဖိုးသည် ပေါင်စတာလင် (၃၆၈)သန်း ဖြစ်လာသည်။ စပိန် နှစ်သင်းလုံး၏ အမှတ်တံဆိပ် တန်ဖိုးသည် ရာခိုင်နှုန်းအားဖြင့် အနုတ် ပြခဲ့သော်လည်း မန်ယူက (၂၉)ရာခိုင်နှုန်း၊ ဘိုင်ယန်က (၅၉)ရာခိုင်နှုန်း တန်ဖိုး တက်လာခြင်း ဖြစ်သည်။ ချန်ပီယံလိဂ် ဆုဖလားကို ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ဆွတ်ခူးပြီးနောက် ချယ်လ်ဆီး၏ အမှတ်တံဆိပ် တန်ဖိုးသည် (၂၇)ရာခိုင်နှုန်း တက်ရိပ်ပြလာကာ ပေါင်စတာလင် (၂၅၃)သန်းဖြင့် ပဉ္စမနေရာတွင် ရပ်တည်နေသည်။

(၂၀၁၂-၁၃) ဘောလုံး ရာသီတွင် အောင်မြင်မှုများ ကင်းကွာခဲ့သော်လည်း မန်ယူအသင်း၏ အမှတ်တံဆိပ် တန်ဖိုးသည် ပေါင်စတာလင် (၅၄၃)သန်း ရှိနေ...
ထို့နောက် အင်္ဂလန် ကလပ်များက ထိပ်ဆုံး (၁၀)နေရာတွင် (၅)နေရာ ပါဝင်မှုအဖြစ် အဆင့်(၆)၊ အဆင့်(၇)နှင့် အဆင့်(၈)တို့တွင် အာဆင်နယ်၊ လီဗာပူးလ်နှင့် မန်ချက်စတာ စီးတီးတို့က အစဉ်တစိုက် ရပ်တည်နေသည်။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ခြင်းက မန်စီးတီး၏ အမှတ်တံဆိပ် တန်ဖိုးကို (၇၇)ရာခိုင်နှုန်းထိ မြင့်တက်စေကာ ပေါင်စတာလင် (၁၉၂)သန်းထိ တန်ကြေး ရှိလာစေသည်။ သို့သော် ထိပ်ဆုံး (၁၀)သင်းတွင် တန်ဖိုးအမြင့်တက်ဆုံး စံချိန်ရှင်မှာ ဂျာမန်ကလပ် ရှော်လ်ကေး ဖြစ်ပြီး တန်ဖိုး (၉၇)ရာခိုင်နှုန်း တက်လာကာ အဆင့်(၁၀)တွင် ရှိနေသည်။ န၀မ နေရာမှ အေစီမီလန်မှာမူ ထိပ်ဆုံး(၁၀)သင်း စာရင်းတွင် တစ်ခုတည်းသော အီတလီ ကလပ်အဖြစ် စာရင်းဝင်ခဲ့သည်။

Brand Finance Football ၏ ကမ္ဘာပေါ်တွင် တန်ဖိုး အမြင့်ဆုံး အမှတ် တံဆိပ်ပိုင်ရှင် ကလပ် အသင်းများ စာရင်းတွင် ဂျာမန်၏ ဖလားနှစ်လုံး ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန်ပင် အဆင့်(၁၀)အတွင်း မ၀င်ခဲ့ဘဲ နံပါတ်(၁၁)သာ ချိတ်ခဲ့သည်။ နယ်သာလန် ချန်ပီယံ အေဂျက်စ် အမ်စတာဒမ်က အဆင့်(၁၄)နှင့် အီတလီ၏ ရှုံးပွဲမရှိ ချန်ပီယံ ဂျူဗင်းတပ်စ်တို့က အဆင့်(၁၆)တို့တွင် အသီးသီး ရပ်တည်ခဲ့ကြောင်းလည်း သိရှိရသည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )