ဘိုင်ယန်မြူးနစ် အသင်း၏ နောက်ခံလူ ဂျရိုမီ ဘိုတန်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မိမိတို့ အသင်း ရှုံးနိမ့်ခဲ့ခြင်းကို ယုံပင် မယုံနိုင်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
ဂျာမနီ လက်ရွေးစင် ဘိုတန်က ဘိုင်ယန် အနေဖြင့် အိမ်ကွင်း Allianzတွင် ကစား ရသော်လည်း ချယ်လ်ဆီးကို အနိုင် မရဘဲ ပင်နယ်တီ အဆုံးအဖြတ်တွင် အရေး နိမ့်ခဲ့ခြင်း၏ အကြောင်းရင်းကို နားမလည်နိုင် ဖြစ်မိကြောင်း ဆိုသည်။ ချယ်လ်ဆီးသည် အိမ်ရှင် ပရိသတ်၏ ဖိအားပေးမှု အောက်တွင် ဘိုင်ယန်အား တည်တည်ငြိမ်ငြိမ် တုံ့ပြန်ကာ ပွဲချိန် မိနစ်(၁၂၀)တွင် သရေ ကစားပြီး ပင်နယ်တီ အဆုံးအဖြတ်တွင် အနိုင် ရခဲ့သည်။ ဒုတိယပိုင်း ပြီးခါနီးတွင် သောမတ်စ် မူလာက ဘိုင်ယန်အတွက် ဦးဆောင်ဂိုး သွင်းသော်လည်း ချယ်လ်ဆီးအတွက် ဒီဒီရာ ဒရော့ဂ်ဘာက ချေပကာ ပွဲသက် ရှည်ခဲ့ခြင်း ဖြစ်သည်။
ဘိုတန်က မိမိတို့ အသင်းသည် ခြေစွမ်း အသာစီး ရသော်လည်း အနိုင်မကစားနိုင်ခဲ့ခြင်းအတွက် စိတ်ပျက် တုန်လှုပ်မိကြောင်း ဖွင့်ဟသွားသည်။ "ကျွန်တော်တို့ တစ်သင်းလုံး စိတ်ပျက်နေခဲ့ကြတာပါ။ ကျွန်တော် ခုချိန်မှာ ဘာပြောနိုင်မှာတဲ့လဲ။ ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်က ပိုကောင်းတဲ့ အသင်းဆိုတာ အရှင်းကြီးပါ" ဟု UEFA ၀က်ဘ်ဆိုက်သို့ ဘိုတန်က ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော် အဲဒါကို မယုံနိုင်ဘူး။ အိပ်မက် တစ်ခုဟာ စက္ကန့်ပိုင်း အတွင်း ပျက်စီးသွားတယ်။ ကျွန်တော်တို့ (၁-၀)နဲ့ ဦးဆောင် နိုင်ခဲ့သလို ပင်နယ်တီ တစ်လုံးတောင် ကန်ခွင့် ရလိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ခုလို အခြေအနေတွေက ဘောလုံးမှာ ကြုံတွေ့တတ်ပါတယ်" ဟုလည်း ၀န်ခံ သွားခဲ့သည်။
Ref: Goal
ကျွန်တော်တို့ တစ်သင်းလုံး စိတ်ပျက်နေခဲ့ကြတာပါ။ ကျွန်တော် ခုချိန်မှာ ဘာပြောနိုင်မှာတဲ့လဲ။ ကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်က ပိုကောင်းတဲ့ အသင်းဆိုတာ အရှင်းကြီးပါ...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com