ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဆုသည် မန်ချက်စတာ ယူနိုက်တက်ထက် မန်ချက်စတာ စီးတီးနှင့် ပိုမို ထိုက်တန်ကြောင်း နယူးကာဆယ်လ် ယူနိုက်တက် ကွင်းလယ်လူ ယိုအန် ကာဘာယီက မှတ်ချက်ပြု ပြောဆိုလိုက်သည်။
နယူးကာဆယ်လ်၏ အိမ်ကွင်းတွင် (၂-၀)ဖြင့် အနိုင် ရပြီးနောက် မန်စီးတီးသည် မန်ယူအပေါ် ဂိုးကွာခြားချက် အသာဖြင့် ဦးဆောင်ကာ အမှတ်ပေး ချန်ပီယံဆုနှင့် လက်တစ်ကမ်း အလိုထိ နီးစပ် နေခဲ့သည်။ ကာဘာယီ၏ နယူးကာဆယ်လ် အသင်းသည် ယခုရာသီ ပရီးမီးယား လိဂ်တွင် မန်စီးတီးအား နှစ်ကျော့လုံး ရှုံးပြီး မန်ယူကိုမူ အဝေးကွင်းတွင် သရေ၊ အိမ်ကွင်းတွင် အနိုင် ကစားထားသည်။ ကာဘာယီက မန်စီးတီးသည် ခြေစွမ်းအရ ချန်ပီယံ ဆုဖလားနှင့် ပိုမို ထိုက်တန်သော အသင်းဟု ၀န်ခံ ပြောကြားသွားသည်။
ကာဘာယီက "မန်စီးတီးဟာ တကယ့် အသင်းကောင်း တစ်ခုပါ။ သူတို့ကို ကျွန်တော်တို့ လက်ခံကစားတော့ ပထမပိုင်းထိ အခြေအနေကို ကျွန်တော်တို့ အသာစီးက ထိန်းထားနိုင်တယ်။ ဒါပေမဲ့ အချိန် ကြာလာတာနဲ့ အမျှ သူတို့အသင်းက ပိုအားကောင်း လာတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဒါကို သေသေချာချာ သတိ ပြုလာမိပါတယ်" ဟု ပြင်သစ် ရေဒီယိုဌာန RMC သို့ ပြောကြားခဲ့သည်။ "သူတို့ အသင်းဟာ မန်ချက်စတာ ဒါဘီမှာလည်း သူတို့ရဲ့ စွမ်းအားကို လက်တွေ့ ပြခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီယံ ဆုနဲ့ ထိုက်တန်တဲ့ အသင်းပါ။ သူတို့က မန်ယူထက် ပိုကောင်းသလို တစ်ဦးချင်းလည်း ပိုထူးချွန်ပါတယ်" ဟုလည်း လိုင်လီ အသင်း၏ ကစားသမားဟောင်းက မှတ်ချက် ပြုသွားခဲ့သည်။
Ref: Inside Futbol
မန်စီးတီးဟာ တကယ့် အသင်းကောင်း တစ်ခုပါ။ သူတို့ကို ကျွန်တော်တို့ လက်ခံကစားတော့ ပထမပိုင်းထိ အခြေအနေကို ကျွန်တော်တို့ အသာစီးက ထိန်းထားနိုင်တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့အသင်းက ပိုအားကောင်းလာတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဒါကို သေသေချာချာ သတိပြုလာမိပါတယ်...
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com