ပရီးမီးယား လိဂ်တွင် တင်ကျန် နေခဲ့မှုသည် ၀ီဂန်အသင်း အတွက် မယုံနိုင်လောက်စရာ အားထုတ်မှု တစ်ခုဟု အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ကြွေးကြော်ခဲ့သည်။
ဝီဂန်သည် တန်းဆင်းဇုန် ရုန်းဖော်ရုန်းဖက် ဘလက်ဘန်းရိုဗာ အသင်းကို အီးဝုဒ်ပါ့ခ်တွင် အနိုင် ကစားပြီးနောက် ပရီးမီးယား လိဂ်တွင် ရှင်သန်ရေး တိုက်ပွဲကို အောင်မြင်စွာ အဆုံး သတ်နိုင်ခဲ့သည်။ မာတီနက်ဇ်က အသင်းသားများ၏ ကြိုးစားမှုကို အထူးတလည် ချီးကျူးခဲ့ပြီး ၀ီဂန်သည် ယခု ရာသီတွင် မယုံနိုင်လောက်စရာ မော်ကွန်းဝင် အားထုတ်မှု တစ်ခုကို လုပ်ဆောင် ပြခဲ့ကြောင်း ညွှန်းဆိုလိုက်သည်။ အသက်(၃၈)နှစ်ရှိ မာတီနက်ဇ်၏ အသင်းသည် ရာသီအစပိုင်းနှင့် ရာသီ အလယ်ပိုင်းများတွင် ရုန်းကန် ခဲ့ရသော်လည်း ရာသီသိမ်း ကာလများတွင် တောက်လျှောက် ခြေစွမ်းတက်လာကာ မန်ချက်စတာ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်စသည့် အသင်းကောင်းများကို အနိုင်ကစားခဲ့သည်။
မာတီနက်ဇ်က နောက်ဆုံး (၆)ပွဲတွင် (၅)ပွဲ အနိုင်ရခဲ့သည့် အသင်းနှင့် ပတ်သက်ပြီး "ကျွန်တော်တို့ ဒီရာသီမှာ မယုံနိုင်လောက်တဲ့ မော်ကွန်းဝင် အားထုတ်မှု တစ်ခုကို လုပ်ပြခဲ့ပါပြီ။ အသင်းရဲ့ မာကျောတဲ့ စိတ်ဓာတ်ရေးရာကို ဒီနေ့မှာ လက်တွေ့ ပြခဲ့တယ်။ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ ပွဲစဉ် တစ်ခုကို ကစားခဲ့ပါတယ်။ ကစားသမားတွေဟာ စိန်ခေါ်မှု ပြင်းထန်တဲ့ အခြေအနေတွေကို ကျော်ဖြတ်ပြီး လိုချင်တာကို ရအောင် ယူပြခဲ့တယ်။ ဘလက်ဘန်းကို ကျွန်တော်တို့ ချီးကျူးပါတယ်။ တိုက်စစ်မှာ (၃)ယောက်တင်ပြီး ရဲရဲရင့်ရင့် ကစားခဲ့တယ်။ ဒါဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ အခြေအနေမျိုးပါပဲ"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ကျွန်တော်တို့ဟာ ခက်ခဲတဲ့ ပွဲစဉ်တစ်ခုကို ကစားခဲ့ပါတယ်။ ကစားသမားတွေဟာ စိန်ခေါ်မှု ပြင်းထန်တဲ့ အခြေအနေတွေကို ကျော်ဖြတ်ပြီး လိုချင်တာကို ရအောင်ယူပြခဲ့တယ်...
ယခုအခါ ပရီးမီးယားလိဂ်တွင် ဘလက်ဘန်းနှင့် ၀ုလ်ဗ်တို့သည် သေချာပေါက် တန်းဆင်းသွားပြီးဖြစ်ပြီး လက်ကျန် တစ်နေရာစာအတွက် QPRနှင့် ဘော်လ်တန်တို့ အသည်းအသန် ရုန်းကန်ရတော့မည်ဖြစ်သည်။
Ref: Goal
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com